မြန့် မာ့ ယဉ်ကျေးမှုမြတ်နိုးတဲ့သူ(မုံရွာကနော်)













###( အစမ်း )###
     ဘွဲ့လာယူသော
   မုံရွာတက္ကသိုလ် ကျောင်းသူ

  မုံရွာတက္ကသိုလ် (17 ) ကြိမ်မြောက် ဘွဲ့နှင်းသဘင်သို့
   နွားအလှ လှည်းယဉ်ဖြင့်
ဘွဲ့တက်ရောက်(အစမ်းဘွဲ့) လာယူကြောင်း မြင်တွေ့ရပါသည်။
    
 ရုက္ခဗေဒဘွဲ့ရ ကျောင်းသူ
မအိမွန်ကျော်(အဖေ ဦးကျော်ဝင်း) ဖြစ်ပြီး ဗောဓိတစ်ထောင်ဘုရားအနီး
 အောင်သာ ကျေးရွာမှ ဖြစ်ကြောင်း သိရပါသည်။
credit::khaing soe

မုံရွာတက္ကသိုလ်မှာကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မြန်မာဆန်ဆန် လှည်းယာဉ်နဲ့ တက်ရောက်ခဲ့တဲ့ ကျောင်းသူတစ်ဦး ရှိခဲ့ပါတယ်။

မြန်မာဆန်ဆန် လှည်းယာဉ်နဲ့ ဘွဲ့လာယူတဲ့ကျောင်းသူက ရုက္ခဗေဒဘွဲ့ရ မအိမွန်ကျော်ဆိုသူဖြစ်ပြီး မုံရွာမြို့ရဲ့ကျက်သရေဆောင် ဗောဓိတစ်ထောင်ဘုရားနားက အောင်သာကျေးရွာမှာ နေထိုင်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဒီလို လှည်းယာဉ်နဲ့ ဘွဲ့လာယူတာက မုံရွာတက္ကသိုလ်သမိုင်းတစ်လျှောက်Tမှာ ပထမဆုံးဖြစ်သလို မြန်မာပြည်ထဲက တက္ကသိုလ်တွေမှာလည်း ပထမဆုံးဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။

ဒီနေ့မနက်ပိုင်း(ဇန်န၀ါရီလ ၅ ရက်)မှာ ပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်တဲ့အခမ်းအနားကို လှည်းယာဉ်နဲ့တက်ရောက်ဖို့ တက္ကသိုလ် တာဝန်ရှိသူတွေဆီကို ကြိုတင်ခွင့်ပြုချက်တောင်းခံခဲ့ရာမှာ မုံရွာတက္ကသိုလ်ကလည်း ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
လှည်းယာဉ်နဲ့ ဘွဲ့လာယူတဲ့ မအိမွန်ကျော်ရဲ့ မိဘဖြစ်သူတွေက လှည်းယာဉ်ငှားရမ်းတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တာကြောင့် ကိုယ်ပိုင်လှည်းယာဉ်နဲ့ ဘွဲ့အခမ်းအနားကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Credit::မုံရွာဂေဇက်
ကျွန်တော်သိကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မှုရင်းရေးသားသူများကိုကျေးဇူးအထူးတင်ဥပကာရတင်ရှိပါသည်
ဝေဖန်အကြံပြုစာများပေးပို့ ချင်ပါကအောက်ပါဖုန်းနံပါတ်သို့ ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျား
ဖြိုးလေး(Myanmar Youth)ph-09791169860


No comments