မင္းကြန္းေခါင္းေလာင္းၾကီးသမိုင္းနွင္းအေလးခ်ိန္


----------------------------------------------------------
      ေခါင္းေလာင္းသည္ လြန္ခဲ့ေသာႏွစ္ေပါင္း (၄၀၀၀)ေက်ာ္ ခန္႔က တရုတ္ျပည္တြင္  ဟစ္ေႂကြးရန္ ၊ အခ်က္ေပးရန္ ၊ ႏိွုးေဆာ္ရန္ ၊ အခ်ိန္ျပရန္ ဟူေသာ သေဘာျဖင့္ စတင္ အသုံးျပဳသည္။ ဗုဒၶဘုရားရွင္ ႏွင့္ ခရစ္ေတာ္တို႔ ေပၚလာၿပီးသည့္ ေနာက္ တြင္ ေခါင္းေလာင္းကို ထို ကိစၥရပ္မ်ားအတြက္ မကေတာ့ဘဲ ဘာသာေရးဆိုင္ရာ အသိေပး ပစၥည္းအျဖစ္ ကမ႓ာအရပ္ရပ္တြင္ ပိုမို အသုံးျပဳလာခဲ့သည္။ ျမန္မာတို႔သည္ မိမိျပဳေသာ ေကာင္းမႈကုသိုလ္ကို ေရစက္သြန္းခ်ကာ ဝသုေျႏၵနတ္ ကို တိုင္တည္ၾကသည္။ ထိုမၽွမက ဘုရား ေက်ာင္းကန္ မ်ားသို႔ သြားကာ ဥပုသ္သီလေဆာက္တည္အၿပီး ေခါင္းေလာင္းထိုး ၾကရာတြင္ ေျမႀကီးကို (၃) ႀကိမ္ ေထာက္ကာ ေခါင္းေလာင္းကိုထိုးျခင္းျဖင့္ ဝသုေျႏၵ ေျမေစာင့္နတ္ကို သက္ေသတည္ၿပီး (၃၁) ဘုံအား အမၽွေဝျခင္းကို ဆိုလိုသည္။ထိုအသံသည္ ၾကားရသူ အေပါင္းကို ကုသိုလ္နယ္ပယ္တြင္း ေခၚယူသိမ္းသြင္း သည့္ သေဘာ သက္ေရာက္ေစသျဖင့္ ေခါင္းေလာင္း သည္ ျမန္မာမႈနယ္ပယ္တြင္ က်ယ္က်ယ္ ျပန္႔ျပန္႔ ေနရာ ယူထားသည္။
            ထို႔ေၾကာင့္ ေခါင္းေလာင္းကို သာမာန္ထက္ အသံခ်ိဳေစရန္ အရြယ္ အစား ပိုႀကီးေစရန္ စသျဖင့္ ျပဳလုပ္ ၾကရင္း ကမ႓ာေပၚတြင္ အႀကီးဆုံး ေခါင္းေလာင္း သည္ ဇာကိုလိုေကာ ေခါင္းေလာင္းTsar Kolokol bell ျဖစ္ၿပီး အေလးခ်ိန္မွာ (၂၂၃) တန္ျဖစ္သည္။ ထိုေခါင္းေလာင္းကို (1735)တြင္ ရုရွဧကရီဘုရင္မ Anna သြန္းလုပ္ေစခဲ့ၿပီး ထိုေခါင္းေလာင္းထက္တြင္ Tsar Alexei ႏွင့္ Anna ရုပ္တို႔ သြန္းလုပ္ထား သည္။ အေၾကာင္းမလွစြာျဖင့္ (1737) တြင္ ေမာ္စကို ၌မီးႀကီးေလာင္ရာ လူအခ်ိဳ႕က ေရျဖင့္ ပက္လိုက္ရာမွ အေလးခ်ိန္ (၁၁) တန္ခန္႔အပိုင္းတစ္ခု ကြဲထြက္သြား ၿပီးေခါင္းေလာင္းလည္း အသံမျမည္ေတာ့ေခ်။ ယခု ရုရွႏိုင္ငံ ေမာ္စကိုရွိ ကရင္မလင္တြင္ ထားရွိသည္။ တန္ခ်ိန္ (၁၂၈) တန္ျဖင့္ ဒုတိယအႀကီးမွာ လည္း ရုရွႏိုင္ငံ ေမာ္စကို၌ပင္ ရွိေနသည္။ ျမန္မာႏိုင္ငံရွိ မင္းကြန္းေခါင္းေလာင္းသည္ တတိယ အႀကီးဆုံး ေခါင္းေလာင္း ျဖစ္ေလသည္။ ၎တို႔ (၃) လုံး အနက္မွ ျမန္မာပိုင္ မင္းကြန္း ေခါင္းေလာင္းသည္ အသံျမည္ ေအာင္ တီးခတ္ႏိုင္သည့္ ေခါင္းေလာင္း ျဖစ္သျဖင့္ ကမ႓ာ့ အႀကီးဆုံးအသံျမည္ ေခါင္းေလာင္းႀကီး ျဖစ္သည္။
         မင္းကြန္း ေခါင္းေလာင္းႀကီးကို လႉဒါန္းခဲ့သူမွာ မင္းကြန္းႀကီးေလးႀကီး၏ ဒကာ အမရပူရပဌမၿမိဳ႕တည္ ဘိုးေတာ္ဘုရားျဖစ္သည္ဟု ယခင္ေဆာင္းပါးတြင္ ေဖာ္ျပၿပီးျဖစ္ေလသည္။ မင္းကြန္းေခါင္းေလာင္း သြန္းခဲ့သူမွာ တမၼဝတီသား ဦးကံညႊန္႔ျဖစ္သည္။ ေမာင္ကံညြန္႔၏ ဖခင္သည္ အမတ္ႀကီးဦးေပၚဦး အေပၚ ေက်းဇူးရွိသျဖင့္ ဦးေပၚဦးမွ ေထာက္ခံေပးသည္။  ဘိုးေတာ္ဘုရား၏ ဆႏၵ အတြက္ ႀကီးမားေသာ စိန္ေခၚမႈ ျဖစ္သျဖင့္ နန္းတြင္းပန္းတဥ္းဝန္ႏွင့္ ပန္းတဥ္းပညာရွင္ မ်ား လက္ေရွာင္ၾကရာမွ  ေမာင္ကံညြန္႔သည္ အလိုလို ေနရာရလာသည္။ ေခါင္းေလာင္းႀကီးသည္ ေၾကးညိဳကို အေျခခံကာ ေရႊေငြ ႏွင့္ အျခားသတၳဳ ေရာစပ္ထားေသာ ေခါင္းေလာင္း Alloy Bell မ်ိဳးျဖစ္သျဖင့္ အသံျမည္ သည္ဟု ပညာရွင္မ်ားက လက္ခံထားသည္။ မင္းကြန္းေခါင္းေလာင္းသာမက စႏၵာမုနိ ဆင္းတုကို လည္း တမၼဝတီသားတို႔ပင္ သြန္းလုပ္ခဲ့သည္ျဖစ္ရာ ေၾကးသြန္း ေလာက တြင္ ယေန႔ထိ ျမန္မာသာမက ကမ႓ာမွာပင္ နာမည္ႀကီးၾကသူမ်ား ျဖစ္ၾကေလသည္။
          မင္းကြန္းေခါင္းေလာင္း သြန္းေလာင္းရာတြင္ စိတ္ဝင္စားစရာ ေကာင္း သည္။ မင္းကြန္းေခါင္းေလာင္း ကို မင္းကြန္းတြင္ သြန္းခဲ့သည္ မဟုတ္ဘဲ ၎ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ဧရာဝတီျမစ္၏ အေရွ႔ဘက္တြင္ရွိေသာ နန္းေတာ္ကၽြန္း ရြာတြင္ (၁၁၇၀) ခုႏွစ္ ကဆုန္လဆန္း (၅)ရက္ ခရစ္ႏွစ္ (1808) ဧၿပီတြင္ သြန္းလုပ္ခဲ့သည္။ေခါင္းေလာင္းႀကီးကို ထိုသို႔သြန္းၿပီးခ်ိန္တြင္ ဤမၽွႀကီးမား ေလးလံေသာ ေခါင္းေလာင္းႀကီးအား မင္းကြန္းဘက္ အျခမ္းသို႔ မည္သို႔ သယ္ေဆာင္လာသနည္း ဆိုသည္ ကားစိတ္ဝင္စားဖြယ္ ေကာင္းလွသည္။ မိုးမက်မွီ ေခါင္းေလာင္း ေအာက္ေျခ တူးေျမာင္းႀကီးႏွစ္ခု တူးလိုက္သည္။ အေတာင္ (၂၀) ရွိေသာ ကရဝိတ္ေဖာင္ (၂) စင္းကို ထိုေခါင္းေလာင္းေအာက္ တြင္ ေသခ်ာ တပ္ဆင္လိုက္သည္။ ဝါဆိုဝါေခါင္ ယခုလိုရာသီတြင္ ဧရာဝတီ ျမစ္ေရ ျမင့္တက္လာေလေသာ္ ၊ ကရဝိတ္ ေဖာင္တို႔ အလိုလိုေရေပၚသို႔ တက္လာေလရာ ေခါင္းေလာင္းႀကီးကို "မ"ၿပီးသား ျဖစ္သြားေလသည္။
ဘိုးေတာ္ဘုရားသည္ ထိုေခါင္းေလာင္းေရႊ႕ပြဲကို အခမ္းနားျပဳလုပ္ၿပီး ေရႊ႕သည္။ ၎ ေခါင္းေလာင္းေရွ႔ တြင္ ေလွမ်ားစြာက ဝိုင္းဆြဲကာ ဧရာဝတီျမစ္ႀကီးအား ျဖတ္ကူးေလသည္။  ဧရာဝတီျမစ္ ျပည့္လုမတတ္ လူစည္ကားစြာ လာေရာက္ ၾကည့္ရႈ့ၾကသည္။ တစ္ဘက္ ကမ္း သို႔ေရာက္ေသာ္ ထိုနည္းတူ ေျမာင္းမ်ား အတြင္းသို႔ ဝင္ေရာက္သြားၿပီး ေခါင္းေလာင္းခ်ိတ္ရန္ ေနရာ၌  အုတ္ျဖင့္ငုံ ထားေသာ ကၽြန္းတိုင္ႀကီးႏွစ္တိုင္သို႔ ေရာက္ေလေသာ္ ေဖာင္ကိုရပ္၍  ေျမာင္းကိုပိတ္၍   ေျမတေျဖးေျဖး ဖို႔သည္။ ေျမာင္းတြင္း ေရမ်ား ျမင့္တက္ လာရင္း လိုခ်င္ေသာအျမင့္ေရာက္လၽွင္  ဆက္မဖို႔ ေတာ့ဘဲ  သစ္သားယက္မ (၃) ေခ်ာင္းအား သတၳဳျပား ပတ္၍ ေခါင္းေလာင္းအားခ်ိတ္လိုက္သည္။ ေဖာင္မ်ား ကို ထုတ္ကာ ေျမာင္းကို အၿပီးဖို႔လိုက္သည္။ ထို႔ေနာက္ တြင္ ေဖာင္မ်ားကို ထုတ္၍ ေျမာင္းမ်ားကို ေျမျပန္ဖို႔လိုက္ သည္။ ဤနည္း သည္ သာမာန္လူ မေတြးမိေသာ အေတြးျဖစ္ေလသည္။ ေခါင္းေလာင္းႀကီး သြန္းၿပီးသည့္အခ်ိန္ တြင္လည္း  သာမာအားျဖင့္ သြန္းၿပီးသည့္ေန႔မွ( ၄ )ရက္ခန္႔အၾကာ အတြင္းမွို ေအးၿပီဟု ယူဆရခ်ိန္တြင္ ထိုမွိုတို႔ကို ခြာ၍ ရႏိုင္သည္။ ပန္းတဥ္းပညာရွင္မ်ားသည္ ထို ေခါင္းေလာင္းႀကီး မည္သို႔ ရွိလိမ့္မည္ကို အထူးစိတ္ဝင္ တစား ျဖင့္ ၾကည့္လို သည္။ ဘုရင္ကလည္း ပိုမိုေသခ်ာၿပီး အမွားယြင္းမရွိေစရန္ (၁၅) ထားလိုသျဖင့္  ပန္းတဥ္းပညာရွင္မ်ားကို ေခတၱထိန္းသိမ္းၿပီး (၁၅) ရက္ ေရာက္မွသာ ခြာရန္ ခြင့္ျပဳသည္။ ကံေကာင္းေထာက္မ စြာ ျဖင့္ ေခါင္းေလာင္းႀကီးမွာ အသံျမည္ေလ သည္။ ဘုရင္လည္း အထူးဝမ္းသာေလသျဖင့္ ဆုလာဘ္မ်ားစြာ ေပးခဲ့သည္။ ထို႔ေၾကာင့္ ေမာင္ကံညြန္႔သည္  တမၼဝတီရပ္တြင္ သတၱဌာန ဘြဲ႕ျဖင့္ ဘုရားတည္ ခဲ့ရာ ယေန႔ခ်ိန္ထိပင္ ရွိေနေလသည္။ သို႔ေသာ္အေလးခ်ိန္ အေနျဖင့္ မ်ားစြာ ကြဲလြဲေနသည္။ ဝက္မစြတ္နဝေဒးႀကီး၏ ဝိလာသိနီ ေမာ္ကြန္းပုဒ္ေရ (၄၅) တြင္ အေလးခ်ိန္ (၆) ေသာင္း (၅) ေထာင္ ပိႆာဟု ေရးသည္။   အဂၤလိပ္ေခတ္ Mr.Cox ၏အေရွ႔ေတာင္အာရွ ႏိုင္ငံမ်ားသမိုင္းတြင္ (၄၉၇၇၇) ပိႆာ တန္(၈၀)ခန္႔ဟု ဟုေဖာ္ျပသည္။တဖန္ေခါင္းေလာင္းႀကီးေပၚေရးထားေသာ မင္းျဖဴမွန္မွန္ေျပာ ဟူေသာသုဝဏၰဝိမာန နိဒါန္းအရ (၅၅၅၅၅) ပိႆာက်ပ္ခ်ိန္ (၅၅)ဟု ေဖာ္ျပထား ျပန္သည္။မည္သို႔ဆိုေစ သမိုင္းသည္ လက္ေတြ႕က်၍ အေထာက္ထားရွိျခင္းကသာ ပို၍ ခိုင္မွာသည္။ ထိုအေလးခ်ိန္ႏွင့္ပတ္သက္၍ စစ္ကိုင္းၿမိဳ႕ရွိ ညီေႏွာင္ ေခါင္းေလာင္း၏ ေခါင္းေလာင္းစာ တြင္ (၄၈၇၄၅) ပိႆာရွိသည္ဟု  အတိက် ေဖာ္ျပထားေလသည္။ ထိုေခါင္းေလာင္းစာ တြင္
 " ဖုန္းေတာ္အလြန္ႀကီးျမတ္ေတာ္မူလွေသာ အမရပူရ ေရႊၿမိဳ႕ႀကီးတည္ ဥေပါသထာဆင္မင္း ဆဒၵန္ဆင္မင္းမ်ား သခင္ လက္နက္စၾကာသခင္အသၽွင္ ဘဝရွင္မင္း တရားႀကီးဖုရား နန္းစံ (၂၉)ႏွစ္ေသာ ဠသဓိမာသ္သုဒြဒိန္ ၃၁၂ ဝါေခါင္လဆန္း (၁၂) ရက္ေန႔ အတုမရွိေသာ မဟာ သီရိဂီရိမကုဋဂႏၶဇာ ဟုဆိုအပ္ေသာ ေခါင္းေလာင္းေတာ္ ႀကီးသြန္းလုပ္ေတာ္မူရာမွ ေၾကးစက္ ေၾကးရည္ အစြန္ အဖ်ား လက္စေၾကးတို႔ကို ကုသိုလ္ပြား သြန္းလုပ္ေတာ္မူ ေသာ ေခါင္းေလာင္းေတာ္ ေၾကးခ်ိန္ (၄၈၇၄၅°) သြန္းကို ပုထိုးေတာ္ႀကီး ဖုရားအား လႉေတာ္မူသည္။"
ဟု ေရးသား သျဖင့္
ေခါင္းေလာင္းႀကီး၏ အေလးခ်ိန္ - (၄၈၇၄၅) ပိႆာ
                                           (79.454) တန္
ေခါင္းေလာင္းႀကီး၏ဘြဲ႕မွာ       - မဟာသီရိဂီရိမကုဋဂႏၶရာဇာ ဟု
ဆိုႏိူင္ပါသည္။
အစိတ္အပိုင္းအားျဖင့္ (၆) ခု ျပဳလုပ္ရသည္။ ၎တို႔မွာ
(၁) ပုဇြန္တုတ္ (ေခါင္းေလာင္းခ်ိတ္ရန္အေကြး)
(၂) ဆုံ           (ေခါင္းေလာင္းႏွင့္ခ်ိတ္ခ်ိတ္ရန္)
(၃) ၾကာအုံ    
(၄) ေဖာင္း
(၅) ဇက္
(၆) နားဘမ္းတို႔ျဖစ္ေလသည္။
အရြယ္အစားမွာ -
အဝ    -  (၁၆)ေပ (၃) လက္မ (4.95 Metres)
အျမင့္ -   (၁၂) ေပ (3.66 Metres)
အထူ  -   (၆) လက္မမွ(၁၂) လက္မအထိ  (15 to 30 Centimetres)                    
ျဖစ္သည္။  
(၁၈၃၉) ခုႏွစ္ မတ္လ (၂၃) ရက္ေန႔က လႈပ္ခတ္ခဲ့ေသာ စၾကာမင္းသား ေရခ်ငလ်င္ ( ျမသိန္းတန္ဘုရားႏွင့္ စၾကာမင္းသား၏ လ်ိဳ႕ဝွက္ခ်က္ ေဆာင္းပါးတြင္ ရႈပါ)
ေၾကာင့္ ေခါင္းေလာင္းႀကီး ေျမခကာ (၅) ပိႆာခန္႔ ပဲ့ထြက္သြားသည္။ ႏွစ္ေပါင္း (၆၀) နီးပါးခန္႔ ေျမခေနရာ မည္သူမၽွ ျပန္လည္ခ်ိတ္ႏိုင္စြမ္း မရွိေတာ့ေခ်။ အဂၤလိပ္တို႔ ျမန္မာႏိုင္ငံ သိမ္းပိုက္ၿပီးခ်ိန္  ျပည္သူလူထု ထည့္ဝင္ေငြႏွင့္ ေတာင္းဆိုမႈေၾကာင့္ 1896 မတ္လတြင္ Irrawaddy Flotilla Company မွ  Mr. CG John ဦးေဆာင္ၿပီး သံတိုင္ႀကီးမ်ားေပၚတြင္ ျပန္လည္ခ်ိတ္ဆြဲေပးခဲ့သည္။ ျပႆဒ္ (၃) ဆင့္ျဖင့္ တိုင္ေပါင္း (၁၆) တိုင္ပါ ျပႆဒ္ ေဆာင္အတြင္း ထားရွိေလသည္။
သုခုမအလင္းတန္းမ်ား
 Ref :
- သမိုင္းဝင္မင္းကြန္း
- ပန္းတဥ္း
-  Wanderings in Burma,  Bird, George W (1897). www.facebook.com/thukhumarays

က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။

က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။

က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္

ျဖိဳးေလး(Myanmar      Youth)ph-09969535368

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
{Unicode}

----------------------------------------------------------
      ခေါင်းလောင်းသည် လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀)ကျော် ခန့်က တရုတ်ပြည်တွင် ဟစ်ကြွေးရန် ၊ အချက်ပေးရန် ၊ နှိုးဆော်ရန် ၊ အချိန်ပြရန် ဟူသော သဘောဖြင့် စတင် အသုံးပြုသည်။ ဗုဒ္ဓဘုရားရှင် နှင့် ခရစ်တော်တို့ ပေါ်လာပြီးသည့် နောက် တွင် ခေါင်းလောင်းကို ထို ကိစ္စရပ်များအတွက် မကတော့ဘဲ ဘာသာရေးဆိုင်ရာ အသိပေး ပစ္စည်းအဖြစ် ကမ်ဘာအရပ်ရပ်တွင် ပိုမို အသုံးပြုလာခဲ့သည်။ မြန်မာတို့သည် မိမိပြုသော ကောင်းမှုကုသိုလ်ကို ရေစက်သွန်းချကာ ဝသုနြေ္ဒနတ် ကို တိုင်တည်ကြသည်။ ထိုမျှမက ဘုရား ကျောင်းကန် များသို့ သွားကာ ဥပုသ်သီလဆောက်တည်အပြီး ခေါင်းလောင်းထိုး ကြရာတွင် မြေကြီးကို (၃) ကြိမ် ထောက်ကာ ခေါင်းလောင်းကိုထိုးခြင်းဖြင့် ဝသုနြေ္ဒ မြေစောင့်နတ်ကို သက်သေတည်ပြီး (၃၁) ဘုံအား အမျှဝေခြင်းကို ဆိုလိုသည်။ထိုအသံသည် ကြားရသူ အပေါင်းကို ကုသိုလ်နယ်ပယ်တွင်း ခေါ်ယူသိမ်းသွင်း သည့် သဘော သက်ရောက်စေသဖြင့် ခေါင်းလောင်း သည် မြန်မာမှုနယ်ပယ်တွင် ကျယ်ကျယ် ပြန့်ပြန့် နေရာ ယူထားသည်။
            ထို့ကြောင့် ခေါင်းလောင်းကို သာမာန်ထက် အသံချိုစေရန် အရွယ် အစား ပိုကြီးစေရန် စသဖြင့် ပြုလုပ် ကြရင်း ကမ်ဘာပေါ်တွင် အကြီးဆုံး ခေါင်းလောင်း သည် ဇာကိုလိုကော ခေါင်းလောင်းTsar Kolokol bell ဖြစ်ပြီး အလေးချိန်မှာ (၂၂၃) တန်ဖြစ်သည်။ ထိုခေါင်းလောင်းကို (1735)တွင် ရုရှဧကရီဘုရင်မ Anna သွန်းလုပ်စေခဲ့ပြီး ထိုခေါင်းလောင်းထက်တွင် Tsar Alexei နှင့် Anna ရုပ်တို့ သွန်းလုပ်ထား သည်။ အကြောင်းမလှစွာဖြင့် (1737) တွင် မော်စကို ၌မီးကြီးလောင်ရာ လူအချို့က ရေဖြင့် ပက်လိုက်ရာမှ အလေးချိန် (၁၁) တန်ခန့်အပိုင်းတစ်ခု ကွဲထွက်သွား ပြီးခေါင်းလောင်းလည်း အသံမမြည်တော့ချေ။ ယခု ရုရှနိုင်ငံ မော်စကိုရှိ ကရင်မလင်တွင် ထားရှိသည်။ တန်ချိန် (၁၂၈) တန်ဖြင့် ဒုတိယအကြီးမှာ လည်း ရုရှနိုင်ငံ မော်စကို၌ပင် ရှိနေသည်။ မြန်မာနိုင်ငံရှိ မင်းကွန်းခေါင်းလောင်းသည် တတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်လေသည်။ ၎င်းတို့ (၃) လုံး အနက်မှ မြန်မာပိုင် မင်းကွန်း ခေါင်းလောင်းသည် အသံမြည် အောင် တီးခတ်နိုင်သည့် ခေါင်းလောင်း ဖြစ်သဖြင့် ကမ်ဘာ့ အကြီးဆုံးအသံမြည် ခေါင်းလောင်းကြီး ဖြစ်သည်။
         မင်းကွန်း ခေါင်းလောင်းကြီးကို လှူဒါန်းခဲ့သူမှာ မင်းကွန်းကြီးလေးကြီး၏ ဒကာ အမရပူရပဌမမြို့တည် ဘိုးတော်ဘုရားဖြစ်သည်ဟု ယခင်ဆောင်းပါးတွင် ဖော်ပြပြီးဖြစ်လေသည်။ မင်းကွန်းခေါင်းလောင်း သွန်းခဲ့သူမှာ တမ္မဝတီသား ဦးကံညွှန့်ဖြစ်သည်။ မောင်ကံညွန့်၏ ဖခင်သည် အမတ်ကြီးဦးပေါ်ဦး အပေါ် ကျေးဇူးရှိသဖြင့် ဦးပေါ်ဦးမှ ထောက်ခံပေးသည်။ ဘိုးတော်ဘုရား၏ ဆန္ဒ အတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်သဖြင့် နန်းတွင်းပန်းတဉ်းဝန်နှင့် ပန်းတဉ်းပညာရှင် များ လက်ရှောင်ကြရာမှ မောင်ကံညွန့်သည် အလိုလို နေရာရလာသည်။ ခေါင်းလောင်းကြီးသည် ကြေးညိုကို အခြေခံကာ ရွှေငွေ နှင့် အခြားသတၳု ရောစပ်ထားသော ခေါင်းလောင်း Alloy Bell မျိုးဖြစ်သဖြင့် အသံမြည် သည်ဟု ပညာရှင်များက လက်ခံထားသည်။ မင်းကွန်းခေါင်းလောင်းသာမက စန္ဒာမုနိ ဆင်းတုကို လည်း တမ္မဝတီသားတို့ပင် သွန်းလုပ်ခဲ့သည်ဖြစ်ရာ ကြေးသွန်း လောက တွင် ယနေ့ထိ မြန်မာသာမက ကမ်ဘာမှာပင် နာမည်ကြီးကြသူများ ဖြစ်ကြလေသည်။
          မင်းကွန်းခေါင်းလောင်း သွန်းလောင်းရာတွင် စိတ်ဝင်စားစရာ ကောင်း သည်။ မင်းကွန်းခေါင်းလောင်း ကို မင်းကွန်းတွင် သွန်းခဲ့သည် မဟုတ်ဘဲ ၎င်းနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင်ရှိသော နန်းတော်ကျွန်း ရွာတွင် (၁၁၇၀) ခုနှစ် ကဆုန်လဆန်း (၅)ရက် ခရစ်နှစ် (1808) ဧပြီတွင် သွန်းလုပ်ခဲ့သည်။ခေါင်းလောင်းကြီးကို ထိုသို့သွန်းပြီးချိန်တွင် ဤမျှကြီးမား လေးလံသော ခေါင်းလောင်းကြီးအား မင်းကွန်းဘက် အခြမ်းသို့ မည်သို့ သယ်ဆောင်လာသနည်း ဆိုသည် ကားစိတ်ဝင်စားဖွယ် ကောင်းလှသည်။ မိုးမကျမှီ ခေါင်းလောင်း အောက်ခြေ တူးမြောင်းကြီးနှစ်ခု တူးလိုက်သည်။ အတောင် (၂၀) ရှိသော ကရဝိတ်ဖောင် (၂) စင်းကို ထိုခေါင်းလောင်းအောက် တွင် သေချာ တပ်ဆင်လိုက်သည်။ ဝါဆိုဝါခေါင် ယခုလိုရာသီတွင် ဧရာဝတီ မြစ်ရေ မြင့်တက်လာလေသော် ၊ ကရဝိတ် ဖောင်တို့ အလိုလိုရေပေါ်သို့ တက်လာလေရာ ခေါင်းလောင်းကြီးကို "မ"ပြီးသား ဖြစ်သွားလေသည်။
ဘိုးတော်ဘုရားသည် ထိုခေါင်းလောင်းရွှေ့ပွဲကို အခမ်းနားပြုလုပ်ပြီး ရွှေ့သည်။ ၎င်း ခေါင်းလောင်းရှေ့ တွင် လှေများစွာက ဝိုင်းဆွဲကာ ဧရာဝတီမြစ်ကြီးအား ဖြတ်ကူးလေသည်။ ဧရာဝတီမြစ် ပြည့်လုမတတ် လူစည်ကားစွာ လာရောက် ကြည့်ရှု့ကြသည်။ တစ်ဘက် ကမ်း သို့ရောက်သော် ထိုနည်းတူ မြောင်းများ အတွင်းသို့ ဝင်ရောက်သွားပြီး ခေါင်းလောင်းချိတ်ရန် နေရာ၌ အုတ်ဖြင့်ငုံ ထားသော ကျွန်းတိုင်ကြီးနှစ်တိုင်သို့ ရောက်လေသော် ဖောင်ကိုရပ်၍ မြောင်းကိုပိတ်၍ မြေတဖြေးဖြေး ဖို့သည်။ မြောင်းတွင်း ရေများ မြင့်တက် လာရင်း လိုချင်သောအမြင့်ရောက်လျှင် ဆက်မဖို့ တော့ဘဲ သစ်သားယက်မ (၃) ချောင်းအား သတၳုပြား ပတ်၍ ခေါင်းလောင်းအားချိတ်လိုက်သည်။ ဖောင်များ ကို ထုတ်ကာ မြောင်းကို အပြီးဖို့လိုက်သည်။ ထို့နောက် တွင် ဖောင်များကို ထုတ်၍ မြောင်းများကို မြေပြန်ဖို့လိုက် သည်။ ဤနည်း သည် သာမာန်လူ မတွေးမိသော အတွေးဖြစ်လေသည်။ ခေါင်းလောင်းကြီး သွန်းပြီးသည့်အချိန် တွင်လည်း သာမာအားဖြင့် သွန်းပြီးသည့်နေ့မှ( ၄ )ရက်ခန့်အကြာ အတွင်းမှို အေးပြီဟု ယူဆရချိန်တွင် ထိုမှိုတို့ကို ခွာ၍ ရနိုင်သည်။ ပန်းတဉ်းပညာရှင်များသည် ထို ခေါင်းလောင်းကြီး မည်သို့ ရှိလိမ့်မည်ကို အထူးစိတ်ဝင် တစား ဖြင့် ကြည့်လို သည်။ ဘုရင်ကလည်း ပိုမိုသေချာပြီး အမှားယွင်းမရှိစေရန် (၁၅) ထားလိုသဖြင့် ပန်းတဉ်းပညာရှင်များကို ခေတ္တထိန်းသိမ်းပြီး (၁၅) ရက် ရောက်မှသာ ခွာရန် ခွင့်ပြုသည်။ ကံကောင်းထောက်မ စွာ ဖြင့် ခေါင်းလောင်းကြီးမှာ အသံမြည်လေ သည်။ ဘုရင်လည်း အထူးဝမ်းသာလေသဖြင့် ဆုလာဘ်များစွာ ပေးခဲ့သည်။ ထို့ကြောင့် မောင်ကံညွန့်သည် တမ္မဝတီရပ်တွင် သတ္တဌာန ဘွဲ့ဖြင့် ဘုရားတည် ခဲ့ရာ ယနေ့ချိန်ထိပင် ရှိနေလေသည်။ သို့သော်အလေးချိန် အနေဖြင့် များစွာ ကွဲလွဲနေသည်။ ဝက်မစွတ်နဝဒေးကြီး၏ ဝိလာသိနီ မော်ကွန်းပုဒ်ရေ (၄၅) တွင် အလေးချိန် (၆) သောင်း (၅) ထောင် ပိဿာဟု ရေးသည်။ အင်္ဂလိပ်ခေတ် Mr.Cox ၏အရှေ့တောင်အာရှ နိုင်ငံများသမိုင်းတွင် (၄၉၇၇၇) ပိဿာ တန်(၈၀)ခန့်ဟု ဟုဖော်ပြသည်။တဖန်ခေါင်းလောင်းကြီးပေါ်ရေးထားသော မင်းဖြူမှန်မှန်ပြော ဟူသောသုဝဏ္ဏဝိမာန နိဒါန်းအရ (၅၅၅၅၅) ပိဿာကျပ်ချိန် (၅၅)ဟု ဖော်ပြထား ပြန်သည်။မည်သို့ဆိုစေ သမိုင်းသည် လက်တွေ့ကျ၍ အထောက်ထားရှိခြင်းကသာ ပို၍ ခိုင်မှာသည်။ ထိုအလေးချိန်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့ရှိ ညီနှောင် ခေါင်းလောင်း၏ ခေါင်းလောင်းစာ တွင် (၄၈၇၄၅) ပိဿာရှိသည်ဟု အတိကျ ဖော်ပြထားလေသည်။ ထိုခေါင်းလောင်းစာ တွင်
 " ဖုန်းတော်အလွန်ကြီးမြတ်တော်မူလှသော အမရပူရ ရွှေမြို့ကြီးတည် ဥပေါသထာဆင်မင်း ဆဒ္ဒန်ဆင်မင်းများ သခင် လက်နက်စကြာသခင်အသျှင် ဘဝရှင်မင်း တရားကြီးဖုရား နန်းစံ (၂၉)နှစ်သော ဠသဓိမာသ်သုဒွဒိန် ၃၁၂ ဝါခေါင်လဆန်း (၁၂) ရက်နေ့ အတုမရှိသော မဟာ သီရိဂီရိမကုဋဂန္ဓဇာ ဟုဆိုအပ်သော ခေါင်းလောင်းတော် ကြီးသွန်းလုပ်တော်မူရာမှ ကြေးစက် ကြေးရည် အစွန် အဖျား လက်စကြေးတို့ကို ကုသိုလ်ပွား သွန်းလုပ်တော်မူ သော ခေါင်းလောင်းတော် ကြေးချိန် (၄၈၇၄၅°) သွန်းကို ပုထိုးတော်ကြီး ဖုရားအား လှူတော်မူသည်။"
ဟု ရေးသား သဖြင့်
ခေါင်းလောင်းကြီး၏ အလေးချိန် - (၄၈၇၄၅) ပိဿာ
                                           (79.454) တန်
ခေါင်းလောင်းကြီး၏ဘွဲ့မှာ - မဟာသီရိဂီရိမကုဋဂန္ဓရာဇာ ဟု
ဆိုနိူင်ပါသည်။
အစိတ်အပိုင်းအားဖြင့် (၆) ခု ပြုလုပ်ရသည်။ ၎င်းတို့မှာ
(၁) ပုဇွန်တုတ် (ခေါင်းလောင်းချိတ်ရန်အကွေး)
(၂) ဆုံ (ခေါင်းလောင်းနှင့်ချိတ်ချိတ်ရန်)
(၃) ကြာအုံ    
(၄) ဖောင်း
(၅) ဇက်
(၆) နားဘမ်းတို့ဖြစ်လေသည်။
အရွယ်အစားမှာ -
အဝ - (၁၆)ပေ (၃) လက်မ (4.95 Metres)
အမြင့် - (၁၂) ပေ (3.66 Metres)
အထူ - (၆) လက်မမှ(၁၂) လက်မအထိ (15 to 30 Centimetres)                    
ဖြစ်သည်။  
(၁၈၃၉) ခုနှစ် မတ်လ (၂၃) ရက်နေ့က လှုပ်ခတ်ခဲ့သော စကြာမင်းသား ရေချငလျင် ( မြသိန်းတန်ဘုရားနှင့် စကြာမင်းသား၏ လျို့ဝှက်ချက် ဆောင်းပါးတွင် ရှုပါ)
ကြောင့် ခေါင်းလောင်းကြီး မြေခကာ (၅) ပိဿာခန့် ပဲ့ထွက်သွားသည်။ နှစ်ပေါင်း (၆၀) နီးပါးခန့် မြေခနေရာ မည်သူမျှ ပြန်လည်ချိတ်နိုင်စွမ်း မရှိတော့ချေ။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံ သိမ်းပိုက်ပြီးချိန် ပြည်သူလူထု ထည့်ဝင်ငွေနှင့် တောင်းဆိုမှုကြောင့် 1896 မတ်လတွင် Irrawaddy Flotilla Company မှ Mr. CG John ဦးဆောင်ပြီး သံတိုင်ကြီးများပေါ်တွင် ပြန်လည်ချိတ်ဆွဲပေးခဲ့သည်။ ပြဿဒ် (၃) ဆင့်ဖြင့် တိုင်ပေါင်း (၁၆) တိုင်ပါ ပြဿဒ် ဆောင်အတွင်း ထားရှိလေသည်။
သုခုမအလင်းတန်းများ
 Ref :
- သမိုင်းဝင်မင်းကွန်း
- ပန်းတဉ်း
- Wanderings in Burma, Bird, George W (1897). www.facebook.com/thukhumarays

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။

ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်

ဖြိုးလေး(Myanmar Youth)ph-09969535368

No comments