စာေတာ္လူမိုက္

စာေတာ္_လူမိုက္

"ေမာင္ဘုန္း . . .မင္း ေတာ္ေတာ္အသံုးမက်တဲ့ေကာင္ပဲ"
အဲ့ဒီစကားကို ကၽြန္ေတာ့္သူငယ္ခ်င္း အရင္းေခါက္ေခါက္ျဖစ္တဲ့ စိုင္းေက်ာ္ထူးက ေျပာတယ္။ သူက အလြန္ခ်မ္းသာတဲ့ သူေဌးတစ္ေယာက္ပါ။ ေတာင္ႀကီးမွာ ေနတယ္။ မႏၲေလးကိုလာရင္ တည္းခိုခန္းမွာ လခ်ီၿပီးေတာ့ တည္းတတ္တယ္။ အိမ္ေထာင္မရွိတဲ့ မုဆိုးဖိုပါ။ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ရွိတယ္။ သူ႔သားသမီး (၂) ေယာက္စလံုးက ကၽြန္ေတာ့္ရဲ႕တပည့္ေတြျဖစ္ၾကတယ္။
သား အႀကီးေကာင္က ဂ်ပန္မွာ အလုပ္လုပ္ေနတယ္။
သမီးအငယ္မက အဂၤလန္မွာ ေက်ာင္းသြားတက္ေနတယ္။
ႏွစ္ေယာက္စလံုးက ဆရာဝန္ေတြ။
သူ႔သမီးအငယ္မက ကေလးအထူးကုဆရာဝန္ ျဖစ္ခ်င္တယ္။ ဆရာဝန္ထဲမွာ ကေလးအထူးကုက ဝင္ေငြ ပိုေကာင္းတယ္လို ဆိုတာေၾကာင့္ အဂၤလန္မွာသြားၿပီး ေက်ာင္းတက္ေနျခင္း ျဖစ္တယ္။

တစ္ေန႔မွာ စိုင္းေက်ာ္ထူး ေလျဖတ္သြားတယ္။ အဲ့ဒီေန႔က မႏၲေလးမွာ အပူလႈိင္းျဖတ္ေနတဲ့အခ်ိန္။
မႏၲေလးကိုလာရင္း သူေနတဲ့ တည္းခိုခန္းထဲမွာ မူးလဲရာကေန ေလျဖတ္မွန္း သိခဲ့ရတယ္။ ကၽြန္ေတာ့္ကို အေၾကာင္းၾကားလို႔ သူ႔ကို 'ၿမိဳ႕ေတာ္ေဆးရံု' မွာ တင္လိုက္ရတယ္။ တစ္လေလာက္ၾကာမွ ေဆးရံံုက ဆင္းလာခဲ့ရတယ္။ ေဆးရံုတက္ေနခ်ိန္မွာ သူ႔သားနဲ႔သမီးေတြဆီကို ကၽြန္ေတာ္က အဆက္အသြယ္ လုပ္ေပးရတယ္။
ဂ်ပန္မွာ ေရာက္ေနတဲ့ သားအႀကီးေကာင္က ေျပာတယ္။
အလုပ္ခြင္ထဲမွာ ခြင့္ယူလို႔ မရတဲ့အတြက္ မလာႏိုင္ဘူးတဲ့။ အေဖ ပိုက္ဆံလိုရင္ ပို႔ေပးလိုက္မယ္တဲ့။ လိုအပ္ရင္လည္း သူနာျပဳ ဆရာမ ငွားပါတဲ့။
ဒီလိုပါပဲ. . .
အဂၤလန္ေရာက္ေနတဲ့ သူ႔သမီး အငယ္မကလည္း ေက်ာင္းစာေတြက အေရးႀကီးေနလို႔ ျပန္မလာႏိုင္ဘူးတဲ့။ အေကာင္းဆံုး ေဆးရံုကိုတက္ၿပီး ကုသပါတဲ့။
အဲဒီလို သိရတဲ့အခ်ိန္မွာကၽြန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္မ်က္ရည္လည္ရွာတယ္။

သူက သူ႔မိန္းမ ဆံုးၿပီးကတည္းက ေနာက္အိမ္ေထာင္ မျပဳခဲ့ပါ။ သားနဲ႔သမီးရဲ႕ အနာဂတ္ေရးမွာ ခံစားခ်က္ေတြ မျဖစ္ေစခ်င္လို႔တဲ့။ သူက ေျပာတယ္။
"ငါကသာ...သားနဲ႔သမီးကို ခ်စ္ရတာပါ။ သူတို႔က ငါထင္သေလာက္ ငါ့ကို မခ်စ္ၾကဘူး"
သူ ေဆးရံုက ဆင္းတယ္။
ကၽြန္ေတာ့္အိမ္မွာ လိုက္ေနတယ္။
ကၽြန္ေတာ္ကလည္း သူ အားငယ္ေနမွာဆိုလို႔ သူ႔ကို ျပဳစုေပးရတယ္။
ကၽြန္ေတာ့္အိမ္ကိုေရာက္ၿပီး တစ္ပတ္ေလာက္ေနေတာ့ ကၽြန္ေတာ့္ကို ဒီေကာင္က 'ေတာ္ေတာ္အသံုးမက်တဲ့ လူတစ္ေယာက္' လို႔ စြပ္စြဲေတာ့တယ္။

ကၽြန္ေတာ့္အိမ္ရဲ႕ လမ္းထိပ္မွာ အေၾကာ္ဖိုေလးတစ္ခု ရွိတယ္။ ေကာက္ညႇင္းေပါင္းနဲ႔ အေၾကာ္ေရာင္းတဲ့ ေနရာကေလးပါ။ အဲဒီဆိုင္ပိုင္ရွင္မွာ သားသမီး (၅) ေယာက္ ရွိတယ္။
အႀကီးမ (၂) ေယာက္က ေက်ာင္းမေနၾကဘူး။
အငယ္ေကာင္ ေယာက်ာ္းေလး (၃) ေယာက္ကေတာ့ ကၽြန္ေတာ့္ရဲ႕ တပည့္ေတြပါ။ တစ္ေယာက္မွ (၁၀) တန္း မေအာင္ၾကပါ။ အငယ္ဆံုးေကာင္က ဒီဇယ္အင္ဂ်င္ မီးစက္ေတြကို လိုက္ၿပီးျပဳျပင္တဲ့အလုပ္လုပ္တယ္။ က်န္ (၂) ေယာက္က 'ေက်ာက္ဝိုင္း' ဆင္းတယ္။ သူ႔အေဖႀကီးက ဆိုကၠားနင္းတယ္။
ၿပီးခဲ့တဲ့ (၄) ၊(၅) ရက္ေလာက္တုန္းက သူတို႔အေဖႀကီး ေလျဖတ္ၿပီး မႏၲေလး ေဆးရံုႀကီးမွာ တင္ရတယ္။ သူ႔အေဖ ေဆးရံုလည္းတက္ေရာ သူ႔အေဖအတြက္... အႀကီးမ (၂) ေယာက္က ဆန္ျပဳတ္ေတြ ပို႔ေပးတယ္။ ၾကက္စြပ္ျပဳတ္ေတြ လုပ္ၿပီး ေကၽြးေမြးတယ္။
အငယ္ေကာင္ (၃) ေယာက္ကလည္း သူ႔အေဖႀကီးကို ဂရုစိုက္ၾကတယ္။ နင္းေပးတယ္။ ႏွိပ္ေပးတယ္။ ဝိုင္းၿပီးျပဳစုၾကတယ္။
သူတို႔က ေဆးရံုနဲ႔အိမ္ အဆက္အသြယ္ရဖို႔ ကၽြန္ေတာ့္အိမ္မွာရွိတဲ့ တယ္လီဖုန္းကို အသံုးျပဳၾကရတယ္။ တယ္လီဖုန္းဆက္သံၾကားရတာေၾကာင့္ ကၽြန္ေတာ့္သူငယ္ခ်င္း စိုင္းေက်ာ္ထူးက အေၾကာ္သည္ မိသားစုအေၾကာင္းကို သိေနရျခင္း ျဖစ္တယ္။

ဒီလိုနဲ႔. . .
ေႏြပူပူ တစ္ညေနမွာ စိုင္းေက်ာ္ထူးနဲ႔ ကၽြန္ေတာ္ စကားေျပာျဖစ္ၾကတယ္။
"ေဟ့ေကာင္. . . စိုင္းေက်ာ္ထူး၊ မင္းက ငါ့ကို အသံုးမက်ဘူးလို႔ မစြပ္စြဲပါနဲ႔"
"သူမ်ားေတြ အတြက္ေတာ့ မေျပာတတ္ဘူး။ ငါ့အတြက္ေတာ့ မင္းက အလကားေကာင္ပဲ...ေမာင္ဘုန္း"
"ဟ . . .ေကာင္ရ၊ မင္းကို ငါ့အိမ္ေပၚေခၚၿပီး ငါက ျပဳစုေနတာေလ။ ဒါေတာင္မွ အသံုးမက်ဘူး ဆိုေတာ့. . ."
"ေအး . . .ဟုတ္တယ္၊ မင္းက ဆရာတစ္ေယာက္ ျဖစ္တဲ့အတြက္ မင္းကို ငါက ပိုၿပီးအားကိုးတယ္။ ဒါေပမယ့္ မင္းက ငါထင္သေလာက္ႀကီး အရည္အခ်င္း မရွိပါဘူး"
ကၽြန္ေတာ့္သူငယ္ခ်င္းက တိုင္းရင္းသားပီပီ ရိုးသားတယ္။ စကားေျပာ ရွင္းတယ္။ သြယ္ဝိုက္မေျပာတတ္။
"ကဲ . . .ဒါဆိုလည္း ေျပာစမ္းကြာ"
"ငါ့သားနဲ႔ ငါ့သမီးကို မင္းက စာေတြပဲ တတ္ေအာင္ သင္ေပးလိုက္တယ္။ မိဘကို ခ်စ္တတ္ေအာင္ မင္းက သင္မေပးဘူး။ အခု ၾကည္စမ္း၊ ငါ့သားနဲ႔သမီးက ထူးထူးခၽြန္ခၽြန္နဲ႔ (၁၀) တန္းကို ေအာင္ၾကပါတယ္။ All D ေတြနဲ႔ေတာ့ ေအာင္ခဲ့ၾကပါတယ္။ ငါ ဒီလို ေဆးရံုတက္ေနရေတာင္ သူတို႔က ခံစားခ်က္ မရွိၾကဘူး။ အဲဒီတရားခံက မင္းပဲ"
စိုင္းေက်ာ္ထူးက ခံစားခ်က္အျပည့္နဲ႔ ေျပာေနပံုရတယ္။
လူကလည္း အိပ္ရာေပၚမွာ ပက္လက္ႀကီးဆိုေတာ့ . . .ကၽြန္ေတာ္ကလည္း အေခ်အတင္ ဘာမွ မေျပာခ်င္။ သူ စိတ္ခ်မ္းသာဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ၿငိမ္ၿပီးနားေထာင္ေပးေနရတယ္။
"မင္းပဲ စဥ္းစားၾကည့္စမ္းပါ ေမာင္ဘုန္း၊ ငါ့သားနဲ႔သမီးက ငါ့ကို မခ်စ္ၾကဘူး။ ဟို လမ္းထိပ္က ဆိုကၠားသမားနဲ႔ အေၾကာ္သည္ရဲ႕ သားသမီးေတြကေတာ့ သူတို႔မိဘေတြကို ခ်စ္လိုက္ၾကတာ။ အဲဒီ ဆိုကၠားသမားလည္း ငါ့လိုပဲ အေဖတစ္ေယာက္ပါ"
"ဆိုကၠားသမားဆိုတာ လမ္းထိပ္က ကိုေသာင္းကို ေျပာတာလား"
"ေအး ကိုေသာင္းလား၊ကိုေဆာင္းလာေတာ့ ငါမသိဘူး။ မင္းအိမ္က တယ္လီဖုန္းကို သူတို႔မိသားစု လာၿပီးအသံုးျပဳတိုင္း သူတို႔အေဖကို သူတို႔ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ငါ ခံစားလို႔ရတယ္။ ငါ့ဆီကိုေတာ့ ငါ့သားနဲ႔သမီးက ဖုန္းဆက္ေဖာ္ေတာင္ မရဘူး"
"ေနပါဦး၊ မင္း သားနဲ႔ သမီးက မင္းကို ဖုန္းမဆက္တာနဲ႔ မျပဳစုတာနဲ႔ ငါက အလကားေကာင္ ျဖစ္ရေရာလား"
"ဟုတ္တယ္...ေမာင္ဘုန္း။ မင္းကို ငါေမးမယ္။ ပညာသင္ေပးတဲ့ရည္ရြယ္ခ်က္ကဘာလဲ"
"မင္းပဲ ေျပာ..."
"ငါ့အထင္ေတာ့ မိဘကိုမွ မခ်စ္တတ္တဲ့သားသမီးဟာ ပညာတကယ္မတတ္လို႔ပဲ။ ဘယ္ေလာက္ပဲ ဘြဲ႕ေတြရရ၊ ဘယ္လိုစည္းစိမ္ခ်မ္းသာပဲ ရွိရွိ၊ မိဘကို တန္ဖိုးမထားတတ္တာဟာ ပညာမတတ္လို႔။ မိဘကို မခ်စ္တဲ့သူဟာ တိုင္းျပည္နဲ႔ လူမ်ိဳးကိုခ်စ္ဖို႔လည္း မလြယ္ဘူး။ အခုေတာ့ . . .ဘြဲ႕ေတြ၊ ဒီဂရီေတြရဖို႔က မိဘကိုျပဳစုဖို႔ထက္ ပိုၿပီးအေရးႀကီးေနတဲ့ ငါ့သားနဲ႔သမီးေတြက မင္းရဲ႕ တပည့္ေတြေလ"
သူကခံစားခ်က္အျပည့္နဲ႔ ေျပာေနရွာတာ။
"ေငြေတြ၊ ပိုက္ဆံေတြ၊ ေရႊေတြ၊ စိန္ေတြ ပိုင္ဆိုင္ဖို႔က မိဘထက္ပိုၿပီး အေရးႀကီးတယ္လို႔ ခံယူထားၾကတဲ့ ငါ့သားနဲ႔ ငါ့သမီးက မင္းရဲ႕ တပည့္ေတြေလ။ မင္းက ထူးခၽြန္ေအာင္၊ ဂုဏ္ထူးထြက္ေအာင္သာ သင္တတ္တာပါ။ အတၱႀကီးေအာင္သာ သင္ေပးတတ္တဲ့ေကာင္။ ၿပိဳင္ဆိုင္ျခင္းအေပၚ အေျချပဳ ၿပီး မာနႀကီးေအာင္ ျပဳစုေနတဲ့အေကာင္။ အလကားေကာင္။ တကယ္ေတာ့ မိဘကို ခ်စ္တတ္ေအာင္၊ ပတ္ဝန္းက်င္ကို ခ်စ္တတ္ေအာင္၊တိုင္းျပည္ကိုခ်စ္တတ္ေအာင္၊ႏိုင္ငံကိုခ်စ္တတ္ေအာင္၊ႏိုင္ငံသားစိတ္ဓာတ္အျပည့္အဝရွိေအာင္... သင္ေပးႏိုင္မွ ဆရာလို႔ ငါကေတာ့ သတ္မွတ္တယ္"
ကၽြန္ေတာ္ ေရေရလည္လည္ ခံေနရတယ္။
ဒီေကာင္က တကယ့္ကို ေဆြးေဆြးျမည့္ျမည့္ႀကီး ေျပာေနတာကိုး။
"ငါ ေျပာမယ္ ေမာင္ဘုန္း၊ ငါတို႔လည္း အသက္ေတြ ႀကီးၾကၿပီ။ ဒီအခ်ိန္မွာ သားသမီးရဲ႕ ေမတၱာကို ျပန္ၿပီး ေမၽွာ့္လင့္တယ္ကြ။ ေနာင္တစ္ခ်ိန္မွာ သူတို႔လည္း ငါတို႔လို မိဘေတြျဖစ္လာၾကဦးမွာ။ မိဘကို မခ်စ္တတ္တဲ့ သားသမီး၊ ကိုယ့္ကိုယ္ကိုယ္ ကိုယ္လြတ္ရုန္းဖို႔ အတၱႀကီးတဲ့ သားသမီး။ အဲဒီလို လူငယ္ေတြကို ျပဳ ျပင္ေပးဖို႔တာဝန္ မင္းမွာ ရွိတယ္။
အခုေတာ့ 'စာေတာ္လူမိုက္'ေတြ ေမြးထုတ္ေပးေနတဲ့ မင္းကို ငါ အထင္မႀကီးဘူး။ အမွတ္ေကာင္းၿပီး စိတ္ေကာင္းမရွိတဲ့ လူမိုက္ေတြ ေမြးထုတ္ေပးေနတဲ့မင္းကို ငါက အလကားေကာင္လို႔ ေျပာခ်င္တယ္။ မင္းက ငါ့သူငယ္ခ်င္းအရင္းႀကီးဆိုေတာ့ စိတ္ဆိုးရင္လည္း ဆိုးေတာ့။ ငါကေတာ့ ေျပာလိုက္ၿပီ။ ငါ့သားနဲ႔သမီးကလည္း 'စာေတာ္လူမိုက္ႀကီး'ေတြ..."

အဲဒီေန႔ညက ကၽြန္ေတာ္ အိပ္မေပ်ာ္ခဲ့ပါ။
စာေတာ္လူမိုက္' ..?..တဲ့။
'စာေတာ္လူညံ့' .....တဲ့။
'အမွတ္ေကာင္းၿပီး စိတ္ေကာင္းမရွိတဲ့သူ' တဲ့။
သူ႔စကားက အဓိပၸါယ္ပါတယ္။
ပညာေရးကို ရိုးရိုးကေလးေတြးၿပီး ရိုးရိုးေျပာတယ္။ ခံစားတယ္။
ကၽြန္ေတာ္တို႔တစ္ေတြ.....
ဘာေၾကာင့္မ်ား သားသမီးေတြကို ပညာသင္ေပးေနၾကရတာလဲ။
ဘာရည္ရြယ္ခ်က္နဲ႔ ထူးခၽြန္ေစခ်င္ၾကတာလဲ။
ဘယ္လိုေမၽွာ္လင့္ခ်က္ေတြနဲ႔ သူတို႔ကို ထက္ျမက္ေစခ်င္ေနၾကတာလဲ။
ဘာပဲျဖစ္ျဖစ္ မိဘကိုေတာင္ တန္ဖိုးထားရမွန္း မသိတဲ့ လူတစ္ေယာက္ဟာ ဘယ္လိုပဲ ဘြဲ႕ေတြ၊ ဂုဏ္ထူးေတြ၊ ဒီဂရီေတြပဲ ရွိရွိ၊ ဘယ္ႏိုင္ငံမွာပဲ ေနေန....တကယ့္ပညာတတ္ဟုတ္ရဲ႕လားဆိုတာ . . .ကၽြန္ေတာ္ ေတြးေနမိတယ္။

တကယ္ေတာ့
မိဘကို မခ်စ္တတ္သူ......၊
မိမိပတ္ဝန္းက်င္ကို မခ်စ္တတ္သူ.......၊
မိမိတိုင္းျပည္ကို မခ်စ္တတ္တဲ့သူ.......၊
မိမိႏိုင္ငံကို မခ်စ္တတ္သူ....၊
ႏိုင္င္ငံသားစိတ္ဓာတ္ မရွိသူေတြဟာ...
စာေတာ္...လူမိုက္.....
စာေတာ္.....လူညံ့ ေတြပါလား ။
ေတြးဆၾကည့္ေစခ်င္ပါတယ္။

Creadit- ဦးဘုန္း (ဓာတု)မႏၲေလး

Today Bago New Version အား Download ျပဳလုပ္ျခင္းျဖင့္
ပိုမိုဆန္းသစ္ ၿပီးျပည့္စံု တဲ့ သတင္းမ်ားႏွင့္ အေၾကာင္းအရာမ်ားကို
ေန႕စဥ္အခမဲ့ ဖတ္ရႈလိုက္ပါ။
Download for blow link
www.todaybago.com/todaybago.apk
---------------------------------------------------------
Unicode
စာတော်_လူမိုက်

"မောင်ဘုန်း . . .မင်း တော်တော်အသုံးမကျတဲ့ကောင်ပဲ"
အဲ့ဒီစကားကို ကျွန်တော့်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ စိုင်းကျော်ထူးက ပြောတယ်။ သူက အလွန်ချမ်းသာတဲ့ သူဌေးတစ်ယောက်ပါ။ တောင်ကြီးမှာ နေတယ်။ မန္တလေးကိုလာရင် တည်းခိုခန်းမှာ လချီပြီးတော့ တည်းတတ်တယ်။ အိမ်ထောင်မရှိတဲ့ မုဆိုးဖိုပါ။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သူ့သားသမီး (၂) ယောက်စလုံးက ကျွန်တော့်ရဲ့တပည့်တွေဖြစ်ကြတယ်။
သား အကြီးကောင်က ဂျပန်မှာ အလုပ်လုပ်နေတယ်။
သမီးအငယ်မက အင်္ဂလန်မှာ ကျောင်းသွားတက်နေတယ်။
နှစ်ယောက်စလုံးက ဆရာဝန်တွေ။
သူ့သမီးအငယ်မက ကလေးအထူးကုဆရာဝန် ဖြစ်ချင်တယ်။ ဆရာဝန်ထဲမှာ ကလေးအထူးကုက ဝင်ငွေ ပိုကောင်းတယ်လို ဆိုတာကြောင့် အင်္ဂလန်မှာသွားပြီး ကျောင်းတက်နေခြင်း ဖြစ်တယ်။

တစ်နေ့မှာ စိုင်းကျော်ထူး လေဖြတ်သွားတယ်။ အဲ့ဒီနေ့က မန္တလေးမှာ အပူလှိုင်းဖြတ်နေတဲ့အချိန်။
မန္တလေးကိုလာရင်း သူနေတဲ့ တည်းခိုခန်းထဲမှာ မူးလဲရာကနေ လေဖြတ်မှန်း သိခဲ့ရတယ်။ ကျွန်တော့်ကို အကြောင်းကြားလို့ သူ့ကို 'မြို့တော်ဆေးရုံ' မှာ တင်လိုက်ရတယ်။ တစ်လလောက်ကြာမှ ဆေးရုံံက ဆင်းလာခဲ့ရတယ်။ ဆေးရုံတက်နေချိန်မှာ သူ့သားနဲ့သမီးတွေဆီကို ကျွန်တော်က အဆက်အသွယ် လုပ်ပေးရတယ်။
ဂျပန်မှာ ရောက်နေတဲ့ သားအကြီးကောင်က ပြောတယ်။
အလုပ်ခွင်ထဲမှာ ခွင့်ယူလို့ မရတဲ့အတွက် မလာနိုင်ဘူးတဲ့။ အဖေ ပိုက်ဆံလိုရင် ပို့ပေးလိုက်မယ်တဲ့။ လိုအပ်ရင်လည်း သူနာပြု ဆရာမ ငှားပါတဲ့။
ဒီလိုပါပဲ. . .
အင်္ဂလန်ရောက်နေတဲ့ သူ့သမီး အငယ်မကလည်း ကျောင်းစာတွေက အရေးကြီးနေလို့ ပြန်မလာနိုင်ဘူးတဲ့။ အကောင်းဆုံး ဆေးရုံကိုတက်ပြီး ကုသပါတဲ့။
အဲဒီလို သိရတဲ့အချိန်မှာကျွန်တော့်သူငယ်ချင်းတစ်ယောက်မျက်ရည်လည်ရှာတယ်။

သူက သူ့မိန်းမ ဆုံးပြီးကတည်းက နောက်အိမ်ထောင် မပြုခဲ့ပါ။ သားနဲ့သမီးရဲ့ အနာဂတ်ရေးမှာ ခံစားချက်တွေ မဖြစ်စေချင်လို့တဲ့။ သူက ပြောတယ်။
"ငါကသာ...သားနဲ့သမီးကို ချစ်ရတာပါ။ သူတို့က ငါထင်သလောက် ငါ့ကို မချစ်ကြဘူး"
သူ ဆေးရုံက ဆင်းတယ်။
ကျွန်တော့်အိမ်မှာ လိုက်နေတယ်။
ကျွန်တော်ကလည်း သူ အားငယ်နေမှာဆိုလို့ သူ့ကို ပြုစုပေးရတယ်။
ကျွန်တော့်အိမ်ကိုရောက်ပြီး တစ်ပတ်လောက်နေတော့ ကျွန်တော့်ကို ဒီကောင်က 'တော်တော်အသုံးမကျတဲ့ လူတစ်ယောက်' လို့ စွပ်စွဲတော့တယ်။

ကျွန်တော့်အိမ်ရဲ့ လမ်းထိပ်မှာ အကြော်ဖိုလေးတစ်ခု ရှိတယ်။ ကောက်ညှင်းပေါင်းနဲ့ အကြော်ရောင်းတဲ့ နေရာကလေးပါ။ အဲဒီဆိုင်ပိုင်ရှင်မှာ သားသမီး (၅) ယောက် ရှိတယ်။
အကြီးမ (၂) ယောက်က ကျောင်းမနေကြဘူး။
အငယ်ကောင် ယောကျာ်းလေး (၃) ယောက်ကတော့ ကျွန်တော့်ရဲ့ တပည့်တွေပါ။ တစ်ယောက်မှ (၁၀) တန်း မအောင်ကြပါ။ အငယ်ဆုံးကောင်က ဒီဇယ်အင်ဂျင် မီးစက်တွေကို လိုက်ပြီးပြုပြင်တဲ့အလုပ်လုပ်တယ်။ ကျန် (၂) ယောက်က 'ကျောက်ဝိုင်း' ဆင်းတယ်။ သူ့အဖေကြီးက ဆိုက္ကားနင်းတယ်။
ပြီးခဲ့တဲ့ (၄) ၊(၅) ရက်လောက်တုန်းက သူတို့အဖေကြီး လေဖြတ်ပြီး မန္တလေး ဆေးရုံကြီးမှာ တင်ရတယ်။ သူ့အဖေ ဆေးရုံလည်းတက်ရော သူ့အဖေအတွက်... အကြီးမ (၂) ယောက်က ဆန်ပြုတ်တွေ ပို့ပေးတယ်။ ကြက်စွပ်ပြုတ်တွေ လုပ်ပြီး ကျွေးမွေးတယ်။
အငယ်ကောင် (၃) ယောက်ကလည်း သူ့အဖေကြီးကို ဂရုစိုက်ကြတယ်။ နင်းပေးတယ်။ နှိပ်ပေးတယ်။ ဝိုင်းပြီးပြုစုကြတယ်။
သူတို့က ဆေးရုံနဲ့အိမ် အဆက်အသွယ်ရဖို့ ကျွန်တော့်အိမ်မှာရှိတဲ့ တယ်လီဖုန်းကို အသုံးပြုကြရတယ်။ တယ်လီဖုန်းဆက်သံကြားရတာကြောင့် ကျွန်တော့်သူငယ်ချင်း စိုင်းကျော်ထူးက အကြော်သည် မိသားစုအကြောင်းကို သိနေရခြင်း ဖြစ်တယ်။

ဒီလိုနဲ့. . .
နွေပူပူ တစ်ညနေမှာ စိုင်းကျော်ထူးနဲ့ ကျွန်တော် စကားပြောဖြစ်ကြတယ်။
"ဟေ့ကောင်. . . စိုင်းကျော်ထူး၊ မင်းက ငါ့ကို အသုံးမကျဘူးလို့ မစွပ်စွဲပါနဲ့"
"သူများတွေ အတွက်တော့ မပြောတတ်ဘူး။ ငါ့အတွက်တော့ မင်းက အလကားကောင်ပဲ...မောင်ဘုန်း"
"ဟ . . .ကောင်ရ၊ မင်းကို ငါ့အိမ်ပေါ်ခေါ်ပြီး ငါက ပြုစုနေတာလေ။ ဒါတောင်မှ အသုံးမကျဘူး ဆိုတော့. . ."
"အေး . . .ဟုတ်တယ်၊ မင်းက ဆရာတစ်ယောက် ဖြစ်တဲ့အတွက် မင်းကို ငါက ပိုပြီးအားကိုးတယ်။ ဒါပေမယ့် မင်းက ငါထင်သလောက်ကြီး အရည်အချင်း မရှိပါဘူး"
ကျွန်တော့်သူငယ်ချင်းက တိုင်းရင်းသားပီပီ ရိုးသားတယ်။ စကားပြော ရှင်းတယ်။ သွယ်ဝိုက်မပြောတတ်။
"ကဲ . . .ဒါဆိုလည်း ပြောစမ်းကွာ"
"ငါ့သားနဲ့ ငါ့သမီးကို မင်းက စာတွေပဲ တတ်အောင် သင်ပေးလိုက်တယ်။ မိဘကို ချစ်တတ်အောင် မင်းက သင်မပေးဘူး။ အခု ကြည်စမ်း၊ ငါ့သားနဲ့သမီးက ထူးထူးချွန်ချွန်နဲ့ (၁၀) တန်းကို အောင်ကြပါတယ်။ All D တွေနဲ့တော့ အောင်ခဲ့ကြပါတယ်။ ငါ ဒီလို ဆေးရုံတက်နေရတောင် သူတို့က ခံစားချက် မရှိကြဘူး။ အဲဒီတရားခံက မင်းပဲ"
စိုင်းကျော်ထူးက ခံစားချက်အပြည့်နဲ့ ပြောနေပုံရတယ်။
လူကလည်း အိပ်ရာပေါ်မှာ ပက်လက်ကြီးဆိုတော့ . . .ကျွန်တော်ကလည်း အချေအတင် ဘာမှ မပြောချင်။ သူ စိတ်ချမ်းသာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငြိမ်ပြီးနားထောင်ပေးနေရတယ်။
"မင်းပဲ စဉ်းစားကြည့်စမ်းပါ မောင်ဘုန်း၊ ငါ့သားနဲ့သမီးက ငါ့ကို မချစ်ကြဘူး။ ဟို လမ်းထိပ်က ဆိုက္ကားသမားနဲ့ အကြော်သည်ရဲ့ သားသမီးတွေကတော့ သူတို့မိဘတွေကို ချစ်လိုက်ကြတာ။ အဲဒီ ဆိုက္ကားသမားလည်း ငါ့လိုပဲ အဖေတစ်ယောက်ပါ"
"ဆိုက္ကားသမားဆိုတာ လမ်းထိပ်က ကိုသောင်းကို ပြောတာလား"
"အေး ကိုသောင်းလား၊ကိုဆောင်းလာတော့ ငါမသိဘူး။ မင်းအိမ်က တယ်လီဖုန်းကို သူတို့မိသားစု လာပြီးအသုံးပြုတိုင်း သူတို့အဖေကို သူတို့ ဘယ်လောက်ချစ်တယ်ဆိုတာ ငါ ခံစားလို့ရတယ်။ ငါ့ဆီကိုတော့ ငါ့သားနဲ့သမီးက ဖုန်းဆက်ဖော်တောင် မရဘူး"
"နေပါဦး၊ မင်း သားနဲ့ သမီးက မင်းကို ဖုန်းမဆက်တာနဲ့ မပြုစုတာနဲ့ ငါက အလကားကောင် ဖြစ်ရရောလား"
"ဟုတ်တယ်...မောင်ဘုန်း။ မင်းကို ငါမေးမယ်။ ပညာသင်ပေးတဲ့ရည်ရွယ်ချက်ကဘာလဲ"
"မင်းပဲ ပြော..."
"ငါ့အထင်တော့ မိဘကိုမှ မချစ်တတ်တဲ့သားသမီးဟာ ပညာတကယ်မတတ်လို့ပဲ။ ဘယ်လောက်ပဲ ဘွဲ့တွေရရ၊ ဘယ်လိုစည်းစိမ်ချမ်းသာပဲ ရှိရှိ၊ မိဘကို တန်ဖိုးမထားတတ်တာဟာ ပညာမတတ်လို့။ မိဘကို မချစ်တဲ့သူဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ဖို့လည်း မလွယ်ဘူး။ အခုတော့ . . .ဘွဲ့တွေ၊ ဒီဂရီတွေရဖို့က မိဘကိုပြုစုဖို့ထက် ပိုပြီးအရေးကြီးနေတဲ့ ငါ့သားနဲ့သမီးတွေက မင်းရဲ့ တပည့်တွေလေ"
သူကခံစားချက်အပြည့်နဲ့ ပြောနေရှာတာ။
"ငွေတွေ၊ ပိုက်ဆံတွေ၊ ရွှေတွေ၊ စိန်တွေ ပိုင်ဆိုင်ဖို့က မိဘထက်ပိုပြီး အရေးကြီးတယ်လို့ ခံယူထားကြတဲ့ ငါ့သားနဲ့ ငါ့သမီးက မင်းရဲ့ တပည့်တွေလေ။ မင်းက ထူးချွန်အောင်၊ ဂုဏ်ထူးထွက်အောင်သာ သင်တတ်တာပါ။ အတ္တကြီးအောင်သာ သင်ပေးတတ်တဲ့ကောင်။ ပြိုင်ဆိုင်ခြင်းအပေါ် အခြေပြု ပြီး မာနကြီးအောင် ပြုစုနေတဲ့အကောင်။ အလကားကောင်။ တကယ်တော့ မိဘကို ချစ်တတ်အောင်၊ ပတ်ဝန်းကျင်ကို ချစ်တတ်အောင်၊တိုင်းပြည်ကိုချစ်တတ်အောင်၊နိုင်ငံကိုချစ်တတ်အောင်၊နိုင်ငံသားစိတ်ဓာတ်အပြည့်အဝရှိအောင်... သင်ပေးနိုင်မှ ဆရာလို့ ငါကတော့ သတ်မှတ်တယ်"
ကျွန်တော် ရေရေလည်လည် ခံနေရတယ်။
ဒီကောင်က တကယ့်ကို ဆွေးဆွေးမြည့်မြည့်ကြီး ပြောနေတာကိုး။
"ငါ ပြောမယ် မောင်ဘုန်း၊ ငါတို့လည်း အသက်တွေ ကြီးကြပြီ။ ဒီအချိန်မှာ သားသမီးရဲ့ မေတ္တာကို ပြန်ပြီး မျှော့်လင့်တယ်ကွ။ နောင်တစ်ချိန်မှာ သူတို့လည်း ငါတို့လို မိဘတွေဖြစ်လာကြဦးမှာ။ မိဘကို မချစ်တတ်တဲ့ သားသမီး၊ ကိုယ့်ကိုယ်ကိုယ် ကိုယ်လွတ်ရုန်းဖို့ အတ္တကြီးတဲ့ သားသမီး။ အဲဒီလို လူငယ်တွေကို ပြု ပြင်ပေးဖို့တာဝန် မင်းမှာ ရှိတယ်။
အခုတော့ 'စာတော်လူမိုက်'တွေ မွေးထုတ်ပေးနေတဲ့ မင်းကို ငါ အထင်မကြီးဘူး။ အမှတ်ကောင်းပြီး စိတ်ကောင်းမရှိတဲ့ လူမိုက်တွေ မွေးထုတ်ပေးနေတဲ့မင်းကို ငါက အလကားကောင်လို့ ပြောချင်တယ်။ မင်းက ငါ့သူငယ်ချင်းအရင်းကြီးဆိုတော့ စိတ်ဆိုးရင်လည်း ဆိုးတော့။ ငါကတော့ ပြောလိုက်ပြီ။ ငါ့သားနဲ့သမီးကလည်း 'စာတော်လူမိုက်ကြီး'တွေ..."

အဲဒီနေ့ညက ကျွန်တော် အိပ်မပျော်ခဲ့ပါ။
စာတော်လူမိုက်' ..?..တဲ့။
'စာတော်လူညံ့' .....တဲ့။
'အမှတ်ကောင်းပြီး စိတ်ကောင်းမရှိတဲ့သူ' တဲ့။
သူ့စကားက အဓိပ္ပါယ်ပါတယ်။
ပညာရေးကို ရိုးရိုးကလေးတွေးပြီး ရိုးရိုးပြောတယ်။ ခံစားတယ်။
ကျွန်တော်တို့တစ်တွေ.....
ဘာကြောင့်များ သားသမီးတွေကို ပညာသင်ပေးနေကြရတာလဲ။
ဘာရည်ရွယ်ချက်နဲ့ ထူးချွန်စေချင်ကြတာလဲ။
ဘယ်လိုမျှော်လင့်ချက်တွေနဲ့ သူတို့ကို ထက်မြက်စေချင်နေကြတာလဲ။
ဘာပဲဖြစ်ဖြစ် မိဘကိုတောင် တန်ဖိုးထားရမှန်း မသိတဲ့ လူတစ်ယောက်ဟာ ဘယ်လိုပဲ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ၊ ဒီဂရီတွေပဲ ရှိရှိ၊ ဘယ်နိုင်ငံမှာပဲ နေနေ....တကယ့်ပညာတတ်ဟုတ်ရဲ့လားဆိုတာ . . .ကျွန်တော် တွေးနေမိတယ်။

တကယ်တော့
မိဘကို မချစ်တတ်သူ......၊
မိမိပတ်ဝန်းကျင်ကို မချစ်တတ်သူ.......၊
မိမိတိုင်းပြည်ကို မချစ်တတ်တဲ့သူ.......၊
မိမိနိုင်ငံကို မချစ်တတ်သူ....၊
နိုင်င်ငံသားစိတ်ဓာတ် မရှိသူတွေဟာ...
စာတော်...လူမိုက်.....
စာတော်.....လူညံ့ တွေပါလား ။
တွေးဆကြည့်စေချင်ပါတယ်။

Creadit- ဦးဘုန်း (ဓာတု)မန္တလေး


က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါက်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။

က်ြန္ေတာ္ ့ပို ့စ္တစ္ခုခ်င္းဆီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကာရတင္ရွိပါတယ္။

ျဖိဳးေလး(MyanmarYouth)ph-09791169860


No comments