သင်ခန်းစာ


📒📒📒📒

တခါတုန်း က လူ​တစ်​​ယောက်​ လမ်း​လျှောက်​ထွက်​ရင်း
ဗွက်​ ​တွေ ​ခြေ​ထောက်​မှာ ​ပေသွားတယ်
အဲ့တာနဲ့ သူမှာ ပါတဲ့ လက်​ကိုင်​ပဝါ​လေးနဲ့
ပွတ်​ပြီးဖျက်​လိုက်​တယ်​ လမ်း​ဆက်​​လျှောက်​သွားတယ်

ခဏ​နေ​တော့ ​ဗွက်​​ပေတဲ့ခြေ​ထောက်​ကို ပြန်​ကြည့်​တယ်
ပဝါနဲ့ဖျက်​ထား​ပေးမယ်​ ဗွက်​က​ခြောက်​ပြီး အ​ရောင်
မှိန်​မှိန်​​လေး ထင်​ကျန်​​နေတယ်​ သူ ​ဘေးဘယ်​ညာကြည့်​တယ်​ ​ရေ ကွက်​​လေးတစ်​ခုကို​တွေ့​တော့
လက်​နဲ့ ယူပြီး​ဆေး​ကြောလိုက်​တယ်

သူလမ်းဆက်​​လျှောက်​သွားတယ်​ ​နေကပူလာ​တော့
နဖူး မှာ​ချွေးထွက်​လာတယ်​ သူလက်​နဲ့ သုတ်​ဖို့ပြင်​​တော့
လက်​မှာ ဗွက်​​ဆော်​နံ ​နေတာ သူသိလိုက်​တယ်

သူစိတ်​ညစ်​သွားတယ်​ ဘယ်​သူမှ သူလက်​မှာ
အနံစွဲ​နေမှန်းမသိ​ပေမယ့်​ သူစိတ်​သူမလုံသလို
ခံစား​နေရတယ်​...

သူရဲ့ မလုံတဲ့စိတ်​​ကြောင့်​သူဟာ ပိုပင်​ပန်းလာတယ်
သူလမ်း​လျှောက်​​နေရင်း ပြန်​စဉ်းစား​တော့
ဒါဟာ ကိုယ်​ရဲ့ စွန်းထင်း တဲ့ အရာတစ်​ခုကို
ဖျောက်​ဖျက်​ ဖို့ ကြိုးစားတိုင်း ဆက်​တိုက်
တစ်​ခုပြီးတစ်​ခုဖြစ်​လာတယ်​ဆိုတာရယ်
ရေနဲ့​ဆေးရရင်​​တောင်​ သူလက်​​တော့​ရေစိုခံရမယ်
တကယ်​စွန်းထင်​ဖူးတယ်​ဆိုတာ ကိုယ့်​ကိုယ်​ကို ညာလို့
လိမ်​လို့မရမှန်း သူသိလိုက်​တယ်

ကျွန်​​တော်​တို့​ရော သူလိုပဲ ကိုယ်​မှားခဲ့တဲ့
အမှား​တွေကို ဖုံးကွယ်​ဖို့ ကြိုးစားရင်း
ကိုယ့်​ကိုယ်​ကို ညာခဲ့မိတာ​တွေရှိတယ်
ဘယ်​သူမှမသိဘူးဆို​ပေမယ့်
တခါတ​လေမှာ လိပ်​ပြာမလုံမှန်းကိုယ့်​ဘာသာသိတယ်

တချို့အမှား​တွေက ဘဝနဲ့ရင်းပြီးမှားတတ်​ကြတယ်
မဖုံးကွယ်​ပါနဲ့ မင်​နီကြီးကြီးဝိုင်းလိုက်​ပါ
ကိုယ်​အမှားကိုသိထားပြီးရင်
နောက်​တစ်​ကြိမ်​ အမှား​အောင်​ကြိုးစားထိန်းပါ

အမှားဆိုတာ ဖုံးကွယ်​ဖို့မှ မဟုတ်​တာ
ဘဝ ရဲ့ သင်​ခန်းစာမှာ အမှားဆိုတာ အမှန်​ဖြစ်​​စေဖို့
လက်​ပြတဲ့ မီးအိမ်​တစ်​လုံးပါ

အောင်​မြင်​သူ​တွေရဲ့ ​နောက်​​ကြောင်းကိုကြည့်​ပါ
သူတို့ရဲ့အမှား​တွေကို မဖုံးကွယ်​ဘူး
အဲ့အမှား​တွေကိုချနင်းပြီး အ​ပေါ်ကိုတဖြည်းဖြည်း
တက်​​ရောက်​သွားကြတာ

အဲ့​တော့ အမှား​တွေကို ဖုံးကွယ်​​နေဖို့ထက်
အမှား​တွေထဲက သင်​ခန်းစာယူပြီး နင်းတက်​လိုက်​ပါ
ခြေ​ထောက်​​ပေ​နေလို့ လက်​မခံတဲ့ ပန်းတိုင်​ရယ်​မရှိပါဘူး
စိတ်​သန့်​သန့်​နဲ့ပန်းဝင်​လိုက်​ပါ

သင်​​ရော ကျွန်​​တော်​​ရော မှားဖူးတယ်
သင့်​အမှားထဲမှာ ကျွန်​​တော်​မျက်​ရည်​မပါ​စေနဲ့
ကျွန်​​တော်​အမှားထဲမှာလည်း သင့်​မျက်​ရည်​မလိုပါ။

     ဘာမထီဘွား....အ​တွေးစာစု​လေးများ




ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။

ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်

ဖြိုးလေး(Myanmar      Youth)ph-09969535368

No comments