မှင်နီဝိုင်းသောအမှန်တရား
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
``ဒီမှာ အဲ့အရုပ်က
စိတ်တိုသွားတယ်
မေးတယ်
တုံးတိလေးတွေ
အဲ့အရုပ်လေးမှာ အင်္ကျီကောက်ကြောင်းတွေ
အပေါက်မဖောက်ရသေးဘူး
တစ်ခုလိုသေးတယ်
ဘယ်ဟာလိုသေးတာလဲဗျ
မင်နီဝိုင်းတဲ့ သင်္ကေတ က အမှားပြင်ဖို့လေ
ငြင်းဖို့မှမဟုတ်တာ
ကျုပ်ရှာရဦးမယ်။
*****************************************************************************************
မင်နီဝိုင်းသော အမှန်တရား
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
တစ်ခါတုန်းက မြို့တစ်မြို့မှာ အရမ်းတော်တဲ့
ပန်းပုဆရာကြီး တစ်ဦးရှိတယ်
တနေ့ သူဆီ လူရွယ်တစ်ယောက်ရောက်လာပြီး
ပန်းပုရုပ်တစ်ရုပ် ထုဆစ်ဖို့ လာရောက်အပ်နှံတယ်။
ထုရမယ့် အရုပ်က ယမင်းရုပ်
ပန်းပုဆရာကြီးကလည်း ကျေကျေနပ်နပ်လက်ခံလိုက်တယ်။
ထုဆစ်ချိန်ကိုတော့ သုံးလ ယူလိုက်တယ်။
ဒီလိုနဲ့ တစ်လပြည့်တဲ့အချိန်မှာ
အရုပ်အပ်ထားတဲ့သူက လာရောက်ကြည့်ရှု့တယ်။
အရုပ်က အားလုံးပြီးစီးနေတာ တွေ့လိုက်တယ်
အပ်ထားသူက ပျော်သွားတယ်
ငါ့အရုပ်တော့ရပြီးထင်တယ်ဆိုပြီး
ပန်းပုဆရာကြီးကိုမေးတယ်။
``ဆရာကြီး ကျွန်တော် အရုပ်လေးပြီးပြီလားဗျ´´
ပန်းပုဆရာကြီးက မပြီးသေးကြောင်း
သုံးလပြည့်မှသာပြီးပြည့်စုံ မည်ဖြစ်ကြောင်းပြောပြီး
သူ့အလုပ်သူဆက်လုပ်နေတော့ အရုပ်အပ်တဲ့လူ
စိတ်ထစ်ပြီး ပြန်သွားတာပေါ့။
အဲ့လိုနဲ့ ဒုတိယ လ ကိုရောက်လာတော့လည်း
နောက်တစ်ခေါက်ရောက်လာပြန်တယ်
သူအပ်ထားတဲ့အရုပ်ကိုသေချာကြည့်တယ်
ပြီးတော့ ဘာမှ မပြောပဲ ပြန်သွားတယ်။
နောက်သုံးလပြည့်ဖို့ တစ်ပါတ်လိုတဲ့အချိန်မှာ
အရုပ်အပ်ထားသူပြန်ရောက်လာတယ်
သူ့အပ်ထားတဲ့အရုပ်ကို သေချာကြည့်တယ်
ပြီးတော့ ပန်းပုဆရာကြီးကို မေးတယ်
``ကျွန်တော်အရုပ်ပြီးပြီလားဗျ´´
ပန်းပုဆရာကြီးက နည်းနည်းလိုအပ်နေသေးကြောင်း
ဖြေတော့ အရုပ်အပ်တဲ့လူအရမ်းစိတ်ဆိုးသွားတယ်
``ဒီမှာ အဲ့အရုပ်က
အရင်အခါလာကြည့်တုန်းကလည်းအဲ့လိုပဲ
ခုလည်းဒီအတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူး´´
ပန်းပုဆရာကြီး ကပြုံးတယ်
ပြီးတော့ လေသံအေးအေးလေးနဲ့ပြန်မေးတယ်
``ခင်ဗျာ သေချာကြည့်ထားခဲ့တာလား´´
``ဟုတ်တယ် ကျုပ်သေချာကြည့်ထားခဲ့တာ´´
``ဟုတ်ပါပြီမောင်ရင်ရယ် သေချာကြည့်ခဲ့တယ်ဆိုလည်း
ခုသေချာထပ်ကြည့်သွားပါဦး´´
သုံးလပြည့်ဖို့တစ်ရက်လိုရင်ထပ်လာခဲ့ပါလို့
ပန်းပုဆရာကြီးကပြောပြီ ပြန်လွှတ်လိုက်တယ်။
သုံးလပြည့်ဖို့ တစ်ရက်အလိုမှာ
အရုပ်အပ်တဲ့လူရောက်လာတယ်
သူ့အပ်ထားတဲ့အရုပ်ကို သေသေချာချာကိုကြည့်တယ်
ဒီအတိုင်းပဲ ဘာဆို ဘာမှပြောင်းလဲမှုသူမတွေ့
စိတ်တိုသွားတယ်
ခဏနေတော့ ပန်းပုဆရာကြီး သူ့ဘေးရောက်လာပြီး
မေးတယ်
ဘာတွေတိုးတက်မှုတွေ့လဲ မောင်ရင်
``ခင်ဗျားကသာ လိုသေးတယ် လိုသေးတယ်လို့
ပြောနေတာ ကျုပ်ဖြင့်ဘာမှတိုးတက်လာတာမတွေ့ဘူး
ခင်ဗျာကသက်သက်အချိန်ဖြုန်းနေတာပဲလို့´´
ပြစ်တင်ဝေဖန်လိုက်တော့
ပန်းပုဆရာကြီး စိတ်မဆိုးတဲ့အပြင်ပြုံးတယ်
အင်းဟုတ်တယ်...အရုပ်ကတော့မပြောင်းလဲပါဘူး
ဒါပေမယ့် မောင်ရင်သေချာမကြည့်လို့ပါ
မောင်ရင်ပထမ လ လာကြည့်တုန်းက
အရုပ်လေးရဲ့ ခြေချောင်းလေးတွေ
လက်ချောင်းလေးတွေက အရာမဖော်သေးတဲ့
တုံးတိလေးတွေ
ဒုတိယလ လာကြည့်တဲ့အချိန်မှာ
ဆံထုံး လေးပုံဖော်လက်စပဲရှိသေးတယ်
ဆံပင်အရာလေးတွေသေချာမလုပ်ရသေးဘူး
နောက်ဆုံးအခေါက်လာကြည့်တုန်းက
အဲ့အရုပ်လေးမှာ အကျႌကောက်ကြောင်းတွေ
မညှိရသေးဘူး နားရွက်ကလေးတွေ
အပေါက်မဖောက်ရသေးဘူး
ခုမောင်ရင်လာကြည့်ချိန်မှာ သေချာထပ်ကြည့်ဦး
တစ်ခုလိုသေးတယ်
ဘယ်ဟာလိုသေးတာလဲဗျ
နားကပ်ကိုသေချာကြည့်ပါ
ဘယ်နဲ့ညာသေချာမညှိရသေးဘူးလေ
အဲ့တာပဲ မောင်ရင် အလုပ်တစ်ခုဆိုတာ
ကြိုက်တဲ့အချိန် စပြီးလုပ်လို့ရတယ်
တကယ်တမ်းခက်တာ အဆုံးသတ်နိုင်ဖို့ပဲ။
အဲ့လိုပဲ အတတ်ပညာတစ်ခုရဲ့ အတိမ်အနက်၊
သူရဲ့အရည်အချင်းဆိုတာ သူလုပ်ကိုင်တဲ့
သူ့ရဲ့ပညာရပ်အပေါ် ဘယ်လောက်အသေးစိတ်
စိတ်ပါဝင်စားမှုရှိသလဲဆိုတာ အရည်အသွေးဘဲ။
ကြီးမားတဲ့အပြစ်အနာအဆာတွေ ကင်းတယ်ဆိုတာ
သေးငယ်တဲ့ အမှားတွေကိုသေချာပြင်ဆင်လို့ပါ
ကျုပ်ဘာကြောင့်ပန်းပုပညာမှာ
အမည်ရလဲသိလားမောင်ရင်
ကျုပ်ထုဆစ်တဲ့အရုပ်တိုင်းကို ကျုပ်နားတဲ့အချိန်လေးမှာ
သေချာကြည့်တယ် ပြီးရင်ဝေဖန်တယ်
အဲ့လိုသေချာကြည့်ပြီးပြုပြင်တတ်တဲ့
အကျိုးကျေးဇူးကြောင့်ကျုပ်ဟာအမည်ရလာတယ်
ဘာကြောင့်အောင်မြင်လဲသိလား မောင်ရင်
ရုပ်ထုတစ်ရုပ်ကိုသူများထက်ပိုအချိန်ယူတယ်
ပြီးတော့ အစောကပြောသလို သေချာစီစစ်တယ်
ပြုပြင်တယ် အဲ့လိုမှမဟုတ်ပဲ ငါအတော်ဆုံးပါဆိုပြီး
ဘဝင့်မြင့်တဲ့နေ့ဟာ ကျုပ်ဘဝ နိမ့်ပါးတဲ့နေ့မို့လို့ပဲ
ဘဝမှာ အမြင့်ရောက်သူတိုင်းဟာ
အောက်ပြန်မဆင်းချင်ကြဘူး
ဒါကြောင့် သူများထက်ပိုအချိန်ပေးတယ်
ပို၍ ပို၍လေ့လာကြိုးစားတယ်
ပညာတစ်ခုဆိုတာ ဆုံးခန်းတိုင်တယ်မရှိဘူး
ကိုယ်ဆန်းသစ်ရင်ဆန်းသစ်သလောက်ဖြစ်ပေါ်တယ်
အဲ့တော့ ဘဝမှာ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေရမယ်
သူတပါးရဲ့အလုပ်ကိုလည်းလေးစားရမယ်
ကျုပ်ကကျုပ်အလုပ်ကိုလေးစားတယ်
မောင်ရင်က ကျုပ်အလုပ်ကို ဝေဖန်တယ်
ဒါပေမယ့် မောင်ရင်လိုဝေဖန်သူတွေကြောင့်ပဲ
ကျုပ်အမှားတွေ အားနည်းချက်တွေသေချာသိမြင်လာတယ် ကြိုးစားပြင်ယူခဲ့တယ်
မင်နီဝိုင်းတဲ့ သငေ်္ကတ က အမှားပြင်ဖို့လေ
ငြင်းဖို့မှမဟုတ်တာ
ကိုယ့်မှန်လို့ငြင်းတယ်ဆိုရင်တောင်
လူတိုင်းက အလုံးစုံမမှန်နိုင်ဘူးလေ
ဒါကြောင့်ခုမောင်ရင်အရုပ်မပြီးသေးဘူး
ဒီတစ်ည ကျုပ်စစ်ဆေးသုံးသပ်ရဦးမယ်
တစ်ရက်ဆိုတဲ့အချိန်ဟာ ဘာမဆိုဖြစ်နိုင်တယ်လေ
ဒါကြောင့် ဒီနေ့ ဒီအရုပ်ကို မင်နီဝိုင်းဖို့
ကျုပ်ရှာရဦးမယ်။
ကဲမောင်ရင်အားတဲ့အချိန်လေးမှာ
မောင်ရင်လည်းတစ်နေ့တာ လုပ်ဆောင်မှုတွေအတွက်
မင်နီဝိုင်းပြီးပြင်ဆင်နိုင်ပါစေ...လို့ပြောရင်း......
အတွေးတစ်ခုခုရရှိပါစေ
ဘာမထီဘွား....အတွေးစာစုလေးများ
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်
ဖြိုးလေး(Myanmar Youth)ph-09969535368
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်
ဖြိုးလေး(Myanmar Youth)ph-09969535368
Post a Comment