“အသံမထြက္ပဲ ႏႈတ္ခမ္းလႈပ္ရံု အမွ်ေ၀လုိ႔ ရ၊မရ ”


•••••••••••••••••••••••••••••••••••••
ေမး။ ။ ဆရာေတာ္ဘုရား တပည့္ေတာ္အခု
တရားစာအုပ္ေတြဖတ္ၿပီး လက္ေတြ႕လိုက္နာ
က်င့္သံုးႏိုင္ေအာင္ ႀကိဳးစားေနပါတယ္ဘုရား။
အဲဒီမွာ အခက္အခဲရွိတာတစ္ခုက အမွ်ေ၀ျခင္းပါပဲဘုရား။
လမ္းသြားရင္း အမွ်ေ၀ခ်င္တယ္။
ကိုယ္ျပဳခဲ့တဲ့ကုသိုလ္ေတြကို အဲပတ္၀န္းက်င္မွာရွိတဲ့
လမ္းေစာင့္နတ္၊ ၿမိဳ႕ေစာင့္နတ္အစရွိသျဖင့္
အမွ်ေ၀ခ်င္လို႔ပါဘုရား။

ခက္တာက အမွ်ကို အက်ယ္ႀကီးလူၾကားေအာင္
ေအာ္ရြတ္လို႔ကလည္းမရ။ လူၾကားသူၾကားထဲမွာ
အထူးအဆန္းႀကီးလိုျဖစ္ေနၿပီး ရွက္လည္းရွက္လို႔ပါဘုရား။
ေလသံတိုးတိုးေလးနဲ႔ အမွ်အမွ်လို႔ရြတ္ရင္ေကာ
သူတုိ႔ၾကားပါမလားဘုရား။ သူတို႔ကိုယ့္ကုသိုလ္ကို
သာဓုေခၚႏိုင္ပါလားဘုရား။ ျဖစ္ႏိုင္ရင္
စိတ္ထဲကေနပဲရည္စူးၿပီး စိတ္ထဲကေန
ရြတ္ရင္ ရပါသလားဘုရား။
ဒါမွမဟုတ္ အသံမထြက္ပဲ ႏႈတ္ခမ္းလႈပ္ရံု
ေလသံေလာက္ေလးနဲ႔ ေပးလို႔ရပါသလားဘုရား။
(စုစုေ၀၊ ရန္ကုန္)

အမွ်ေ၀ျခင္းနဲ႔ပတ္သတ္ၿပီး ဦးဇင္းတုိ႔ဗုဒၶဘာသာ၀င္ေတြ
ေသခ်ာက်နစြာ မသိတာက မ်ားပါတယ္။
ဒါဟာလည္း ေသခ်ာေျပာျပတဲ့လူမရွိသလုိ၊
ေျပာျပတဲ့လူရွိေတာ့လည္း ေသခ်ာမွတ္သားထားမႈ
အားနည္းေနလုိ႔ပါ။ အဲဒီေတာ့
ဦးဇင္းသိသမွ်ကုိ အကုန္ေျပာျပေပးပါမယ္။ ေနာက္
သူမ်ားေမးရင္ ေျပာျပတတ္ေအာင္ ေသခ်ာမွတ္ထားၾကေပါ့ေလ။

ဒါနေကာင္းမႈျပဳတဲ့အခါ အလွဴ၀တၳဳဟာ အလွဴရွင္လက္ကေန
အလွဴခံပုဂၢိဳလ္လက္သုိ႔ေရာက္ရင္ အလွဴအထေျမာက္ပါတယ္။
ဒါေပမဲ့ နိဗၺာန္ကိုဆုေတာင္းၿပီး ဒါနျပဳမွသာ မိမိဒါနဟာ
ပါရမီဒါနျဖစ္ႏိုင္သျဖင့္ အနည္းဆံုး-
“ဣဒံ ေမ ပုညံ နိဗၺာနႆ ပစၥေယာ ေဟာတု”လုိ႔
ဆုေတာင္းၿပီး အမွ်ေ၀မွသာ ပတၱိဒါနျဖစ္ပါတယ္။

ဒါေၾကာင့္ အနည္းဆံုး ဣဒံ ေမ ပုညဘာဂံ
သဗၺသတၱာနံ ေဒမလုိ႔ဆုိၿပီး အမွ်ေ၀ကာ
ဒါနအလွဴကို အဆံုးသတ္ၾကစၿမဲ ျဖစ္ပါတယ္။

ဆုေတာင္းျခင္း။ အမွ်ေ၀ျခင္းတို႔မွာ
ကိုယ္တိုင္ျပဳလုပ္ရမွာမုိ႔ တျခားတေယာက္အား
ကိုယ္စားျပဳလုပ္ခုိင္းလုိ႔ မရဘူးဆုိတာလည္း
သိထားဖုိ႔ လုိပါတယ္။ တခ်ိဳ႕က ကုိယ္စားလွဴခုိင္းၿပီး
အမွ်ေ၀လုိ႔မရဘူးလားဆုိၿပီး ေမးတတ္လုိ႔ပါ။

ဆုေတာင္းတဲ့အခါမွာလည္း ဤသို႔လွဴဒါန္းရေသာအက်ိဳးအားေၾကာင့္ နိဗၺာန္မ်က္ေမွာက္ျပဳရပါလို၏လုိ႔ ဆုေတာင္းရမွာျဖစ္သလုိ အမွ်ေ၀တဲ့အခါမွာလည္း
ဤေကာင္းမႈ၏ အဖို႔ဘာဂကို သတၱ၀ါအားလံုး ရရွိၾကပါေစဟု
စိတ္ေစတနာ ေလးေလးနက္နက္နဲ႔ ျပဳလုပ္မွသာ
ဘုရားအေလာင္း သူေတာ္ေကာင္းတို႔လုိ ျဖစ္မွာပါ။

ျမတ္စြာဘုရားအေလာင္းေတာ္ ေ၀ႆႏၲရာမင္းႀကီးဘ၀မွာ
ဒါနျပဳတိုင္း ေရစက္ခ်၊ အမွ်ေ၀ေလ့ရွိပါတယ္။
အဲဒီလုိေရစက္ခ် အမွ်ေ၀ေပးမႈေၾကာင့္
မာရ္နတ္စစ္လာတိုက္ရာတြင္ ေဗာဓိပင္ႏွင့္
 ေရႊပလႅင္ကိုရေရး (သဗၺညဳတဉာဏ္ကိုရေရး)အတြက္
ေ၀ႆႏၲရာဘ၀တြင္ လွဴဒါန္းခဲ့ၿပီး ေရစက္ခ်ခဲ့သည္ကို
ဤမဟာပထ၀ီေျမႀကီး အသိသက္ေသျဖစ္သည္ဟု
သက္ေသျပဳတဲ့အတြက္ ပထ၀ီေျမႀကီးက
သက္ေသခံခဲ့တာပါ။
အလွဴရွင္မွာ အျခားအကုသိုလ္အက်ိဳးေပးလုိ႔
ငရဲသို႔ ေရာက္သြားသည့္တိုင္ေအာင္ ယမမင္းက
အမွ်ေပးေ၀ဖူးသည္မဟုတ္ေလာဟု သတိေပးလုိ႔
ကုသိုလ္ကို သတိရကာ ငရဲမွ လြတ္ႏိုင္ပါတယ္။

ဒါျပင္ ပုညကိရိယ၀တၳဳ(၁၀)ပါးတြင္ အမွ်ေ၀ျခင္း
(ပတၱိဒါန)ဟာလည္း ဒါနစတဲ့ ကုသုိလ္တို႔လုိ
ကုသုိလ္တစ္မ်ိဳးျဖစ္ပါတယ္။
ဒါေၾကာင့္ ေရစက္ခ်၊ အမွ်ေ၀ျခင္းဟာ
ကုသုိလ္တစ္မ်ိဳး တိုးပါတယ္။
အလွဴတစ္ခုလုပ္ရာတြင္ ဆုေတာင္းျခင္းမျပဳဘဲ
လွဴဒါန္းျခင္းမွာ ေပးကမ္းျခင္းသက္သက္သာျဖစ္လုိ႔
နိဗၺာန္ကို ဆုေတာင္းမွသာ ဒါနပါရမီ ျဖစ္ပါတယ္။
အဲဒါေၾကာင့္မုိ႔ ဒါနျပဳလုပ္ၾကသူတိုင္း ဆုေတာင္းျခင္း၊
ေရစက္ခ်ျခင္းတုိ႔ကို မျပဳမေန ျပဳလုပ္ၾကတာပါ။။

အမွ်ေ၀ျခင္းနဲ႔ပတ္သတ္ၿပီး ေသခ်ာက်နစြာသိျမင္ေအာင္
ေျပာရမယ္ဆုိရင္ အမွ်ေ၀ေရစက္ခ်တဲ့အခါမွာ
ေရစက္ခြက္နဲ႔ေအာက္ခံေလးပါၾကတာကုိ အားလံုးသိမယ္ထင္ပါတယ္။ ေရွးေရွးဆရာေတာ္ႀကီးေတြကေတာ့ ေရစက္ခ်တဲ့အခါ
ေရစက္ခြက္ကုိ အလံုးပိတ္နဲ႔မဟုတ္ဘဲ ရုိးရုိး
သာမန္ဖန္ခြက္ကုိသာ အသံုးျပဳခုိင္းၾကပါတယ္။

ဒါဟာ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေရစက္ခ်မဲ့ေရခြက္ထဲက
ေရရဲ႕သန္႔စင္မႈကုိျမင္ၿပီး မိမိရဲ႕စိတ္ကုိ ျဖဴစင္ေနေအာင္ထားဖုိ႔ႏွင့္
ငါျပဳလုပ္တဲ့ေကာင္းမႈဟာ ေဟာဒီေရလုိ သန္႔ရွင္းၾကည္လင္လွတဲ့
ေကာင္းမႈျဖစ္တဲ့အတြက္ ခုေကာင္းမႈရဲ႕အက်ိဳးဆက္ေၾကာင့္
ျမတ္နိဗၺာန္ကုိ ေရာက္ရပါေစလုိ႔ ဆုေတာင္းအာရံုျပဳႏုိင္ေအာင္လုိ႔ပါ။
ေရကဲ့သုိ႔ျဖဴစင္ေအာင္ထားၿပီး ဆုေတာင္းႏုိင္ေအာင္လုိ႔
ေရကုိျမင္ရေအာင္ ထားခုိင္းျခင္းပါ။

ဒါျပင္ ဒီေရဟာ ေျမႀကီးကုိသြန္းခ်
လုိက္တဲ့အခါ ျပန္ယူလုိ႔မရသလုိ
ငါလွဴဒါန္းခဲ့တဲ့ ေကာင္းမႈမွန္သမွ်ကုိလည္း
ငါဟာ ႏွေျမွာတြန္႔တုိျပန္လည္လုိခ်င္တဲ့စိတ္မရွိဘဲ
လြတ္လြတ္စြန္႔ႀကဲၿပီးသား
မုတၱစာဂီျဖစ္ေနေအာင္ အာရံုျပဳထားရပါမယ္။
ငါျပဳခဲ့ေကာင္းမႈကုသုိလ္ကုိ တကယ္မ်ား
ငါေမ့ေလ်ာ့ေနသည္ရွိေသာ္
ကမၻာေျမႀကီးထဲ ေရမ်ားေလာင္းခ်ၿပီး ေရစက္သြန္းခ်
သက္ေသအရာတည္ထားခဲ့အတြက္
ငါအားျပန္လည္ အမွတ္ရေအာင္
ကူညီေပးပါေစလုိ႔ စိတ္ထားတတ္ေအာင္
ေရစက္ခြက္ထဲကေရကုိ ေျမႀကီးေပၚသြန္းခုိင္းျခင္း ျဖစ္ပါတယ္။

တကယ္လုိ႔ မိမိက ေရစက္ခြက္ထဲက ေရကုိ
မျမင္ရရင္လည္း ေရစက္ခ်လုိ႔ ေရေလး
က်ဆင္းေနတဲ့အခ်ိန္မွာ
ခုေျပာခဲ့သလုိ အာရံုျပဳေပးပါ။ ေနာက္တစ္ခုက
ေရွးတုန္းကေတာ့ ေရကုိ ေအာက္ခံမပါဘဲ
ေျမႀကီးေပၚကုိ တုိက္ရုိက္သြန္းခ်ၾကတယ္။

ခုေတာ့ ေအာက္ခံပါေတာ့ ေျမႀကီးေပၚတုိက္ရုိက္
မေရာက္ဘဲျဖစ္ေနတဲ့အတြက္ မိမိစိတ္မွာ
ႏွေျမွာတြန္႔တုိမႈေတြ
မျဖစ္ဘဲ လြတ္လြတ္စြန္႔ႀကဲမ်ားျဖစ္ေအာင္ေတာ့
အာရံုျပဳယူရၾကေပါ့။ တခ်ိဳ႕က်ေတာ့လည္း ေရစက္ခြက္
မလုိဘဲ အထက္ကေျပာခဲ့သလုိ အာရံုျပဳႏုိင္မယ္ဆုိရင္ေတာ့
ကုိင္စရာမလုိဘူးေပါ့။ ဒါေပမဲ့ ေရစက္ခြက္ကုိင္ရတာဟာ
ကၽြန္ေတာ္၊ ကၽြန္ေတာ္မတုိ႔သည္ ေကာင္းမႈျပဳသူတို႔ျဖစ္ပါတယ္။
ကၽြန္ေတာ္တုိ႔ေပးေ၀တဲ့ေကာင္းမႈကုိ အမွ်ယူၾကပါလုိ႔
အမွ်ယူမဲ့ပုဂၢိဳလ္ေတြအားလံုးသိေအာင္
အလွဴရွင္မ်ားအား ေရစက္ခြက္ကုိင္ခုိင္းတာပါ။

ဒါျပင္ ေနာက္တစ္ခ်က္အဓိကအက်ဆံုးအရာက
ေရစက္ခ် အမွ်ေ၀တယ္ဆုိတာ ဦးဇင္းတုိ႔
ဗုဒၶဘာသာမွာပဲ ရွိပါတယ္။
တျခားဘာသာေတြမွာ မရွိပါဘူး။
ဘာျဖစ္လုိ႔လဲဆုိေတာ့
ဦးဇင္းတုိ႔ျမတ္ဗုဒၶရဲ႕ ၀ါဒဟာ အနတၱ-ငါပုိင္ဆုိတာမထားဘူး
ဆုိတဲ့ ၀ါဒျဖစ္လုိ႔ပါ။ တျခားဘာသာေတြမွာကေတာ့
အတၱ-ငါပုိင္ပဲရွိတဲ့အတြက္ အမွ်ေ၀ျခင္းမ်ား မျပဳလုပ္ၾကပါဘူး။

ဦးဇင္းတုိ႔ ၀ါဒက အနတၱဆုိေတာ့ ငါကုသုိလ္ရသလုိ၊
ငါကုသုိလ္ေၾကာင့္ ေကာင္းက်ိဳးခံစားသလုိ အားလံုးလည္း
ငါလုိပဲ ခံစားၾကရပါေစဆုိတဲ့ ေစတနာနဲ႔ အားလံုးအား
တန္းတူေပးတဲ့ ေရစက္ခ်ျခင္းပါ။ ဒါေၾကာင့္
ဘာျဖစ္လုိ႔ေရစက္ခ်ရတာလဲ၊ အမွ်ေ၀ရတာလဲဆုိတာ
ငါတုိ႔၀ါဒဟာ အနတၱ၀ါဒ-ကုိယ္ပုိင္မထားဘဲ အားလံုးကုိ
တန္းတူရေစခ်င္တဲ့ ေစတနာရွိလုိ႔ပါလုိ႔ ေျဖရပါမယ္။

အဲဒီေတာ့ အမွ်ေ၀တဲ့လူဟာ မိမိလုပ္တဲ့ ေကာင္းမႈဟာ
ေလွ်ာ့မသြားဘဲ ပုိလုိ႔သာ တုိးသြားတယ္ဆုိတာကုိ
လူတုိင္းသိၾကမယ္ထင္ပါတယ္။
ဒါေပမဲ့ ပုိမုိမွတ္မိေအာင္ ထပ္ဆင့္ေျပာျပေပးပါဦးမယ္။

မိမိအိမ္မွာဖေယာင္တုိင္းတစ္တုိင္ မီးထြန္းထားတယ္ဆုိပါစုိ႔။
အဲဒီဖေယာင္တုိင္တစ္ခုတည္း ထြန္းထားတာဆုိေတာ့
ဖေယာင္တုိင္းထြန္းတဲ့အိမ္မွာပဲ အလင္းေရာင္အနည္းငယ္ရွိၿပီး
က်န္တဲ့အိမ္ေတြမွာ အလင္းေရာင္မရွိဘဲ တစ္ရြာလံုးျဖစ္ေစ၊
တစ္ၿမိဳ႕လံုးျဖစ္ေစ ေမွာင္မည္းေနမွာပါ။

အဲဒီေတာ့ မိမိက မိမိထြန္းထားတဲ့ ဖေယာင္းတုိင္က
မီးကုိ အားလံုး လာေရာက္ထြန္းညွီယူၾကပါလုိ႔
အမွ်ေ၀သလုိ အားလံုးကုိ ရွယ္ယာလုိက္ေပးလုိက္တဲ့အခါက်ေတာ့
တစ္ၿမိဳ႕လံုးျဖစ္ေစ၊
တစ္ရြာလံုးျဖစ္ေစ အလင္းေရာင္ေတြေတာက္ပသြားပါတယ္။

အဲဒီလုိ မိမိက သူမ်ားအား မိမိဖေယာင္းတုိင္မွ
မီးကုိ ရွယ္ယာေပးလုိက္ေသာ္လည္း
မိမိပင္ရင္းဖေယာင္းတုိင္မွာ
အလင္းေရာင္ ေလွ်ာ့နည္းမသြားတဲ့အျပင္
မိမိရွယ္ယာလုပ္ေပးလုိ႔
သူမ်ားေတြ အလင္းေရာင္းပါရရွိၿပီး
အလင္းေရာင္မ်ား
ပုိမုိတုိးသြားသလုိ အမွ်ေ၀တဲ့လူမွာလည္း
အဲဒီလုိပဲ ေကာင္းမႈေလွ်ာ့မသြားတဲ့အျပင္ ေကာင္းမႈေတြ
ပုိမုိတုိးသြားပါတယ္။ ဒါကေတာ့ ေရစက္ခ်ရျခင္းရဲ႕
အေၾကာင္းနဲ႔ျပဳလုပ္ပံုမ်ားပါ။

♦ ခု ေမးခြန္းရွင္သိခ်င္တာကို ေျဖေပးပါမယ္။
မိမိျပဳလုပ္တဲ့ေကာင္းမႈကုိ ေရစက္ခြက္နဲ႔ အမွ်ေ၀ရန္
အခြင့္အခါမသင့္ပါက အေပၚကေျပာခဲ့တဲ့အတုိင္း
အာရံုျပဳရမဲ့ အခ်က္အလက္ေတြကုိ မိမိအာရံုျပဳၿပီး
အမွ်ေ၀ေပးပါ။ အမွ်ေ၀တဲ့အခါ ႏႈတ္ကေန
အသံေလးနည္းနည္းေတာ့ ထြက္ဆုိတာက ပုိသင့္ေတာ္ပါတယ္။
ဘာျဖစ္လုိ႔လဲဆိုေတာ့
အမွ်ေ၀တာကုိေစာင့္ဆုိင္းေနၾကတဲ့ပုဂၢိဳလ္ေတြမွာ
♦ တခ်ိဳ႕က တန္ခုိးရွိၾကေပမဲ့
♦ တခ်ိဳ႕မွာ တန္ခုိးမရွိၾကေတာ့ မၾကားဘဲ ျဖစ္ေနမွာစုိးလုိ႔ပါ။
ဒါေပမဲ့ ေကာင္းမႈကုသုိလ္ကုိ အမွ်ယူရန္ ေစာင့္ဆုိင္းေနတဲ့
ပုဂၢိဳလ္ေတြကေတာ့ သူတုိ႔ကုိ သီးသန္႔နာမည္တပ္ၿပီး
အမွ်ေ၀ရင္ သူတုိ႔နားနဲ႔ေသခ်ာမၾကားရေပမဲ့
ဒီလူပါးစပ္လႈပ္တာဟာ အမွ်ေ၀တာျဖစ္မယ္လုိ႔
မွန္းဆကာ သာဓုလည္း ေခၚဆုိၾကပါလိမ့္မယ္။

လူအခ်င္းခ်င္းမွာလည္း တခ်ိဳ႕စကားေတြကုိ
ေသခ်ာမၾကားရေပမဲ့ ေျပာတဲ့လူရဲ႕
ဟန္အမူရာဟာကုိၾကည့္ၿပီး သူဘာေျပာတယ္ဆုိတာကုိ
ရိတ္မိသလုိမ်ိဳး သာဓုေခၚခ်င္တဲ့ပုဂၢိဳလ္ေတြကလည္း
အဲဒီလုိ ရမ္းဖမ္းမ်ိဳးနဲ႔ သာဓုေခၚဆုိႏုိင္ပါတယ္။
ဒါေပမဲ့ ဘယ္လုိပဲျဖစ္ျဖစ္ မိမိအမွ်ေ၀တဲ့အခါမွာေတာ့
အသံေလး နည္းနည္းပါးပါးေတာ့ ထြက္ဆုိေပးတာ
အေကာင္းဆံုးပါလုိ႔ ေျပာရပါေစ။

သူမ်ားေတြေတာ့ မသိဘူး။ ဦးဇင္းကေတာ့ ဘယ္သူက
ဘယ္အခ်ိန္ အမွ်ေ၀လည္းဆုိတာ ေသခ်ာမသိရတဲ့အတြက္
ညစဥ္ေမတၱာပုိ႔၊ ပရိတ္ရြတ္၊ ဂုဏ္ေတာ္ပြား၊
တရားမွတ္ၿပီးခ်ိန္မွာ ကုိယ္ျပဳတဲ့ ေကာင္းမႈမွန္သမွ်ကုိလည္း
အားလံုးအား အမွ်ေ၀ေပးတယ္။ ၿပီးရင္
တစ္ေန႔တာရဲ႕ အမ်ားေကာင္းမႈေတြ
အမွ်ေ၀ေပးထားတာကုိလည္း ေကာင္ကင္မွာ
ပ်ံ၀ဲေနဦးမယ္ထင္ၿပီး အမွ်အားလံုးကုိ
စုေ၀းေပးပါလုိ႔ အဓိ႒ာန္ကာ စုေပါင္းသာဓုေခၚဆုိေလ့ရွိပါတယ္။
ဒါကေတာ့ ဦးဇင္းရဲ႕ ကုိယ္ပုိင္အယူအဆပါ။

အားလံုး အသိဉာဏ္ဗဟုသုတမ်ား တုိးပြားၿပီး
လုိရာပန္းတုိင္ကုိ အျမန္ေလွ်ာက္လွမ္းႏုိင္ၾကပါေစလုိ႔
ဆႏၵျပဳလ်က္….။
-[(အရွင္ေကာမလ ဆန္နီေနမင္း)
(သာသနတကၠသီလ ဓမၼာစရိယ)
B.A (Buddhism), M.A (သီရိလကၤာ)
Ph.D, Thesis (သီရိလကၤာ)]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။

က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။

က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္

ျဖိဳးေလး(Myanmar      Youth)ph-09969535368

****************************************************************
{ Uicode}

မေး။ ။ ဆရာတော်ဘုရား တပည့်တော်အခု
တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာ
ကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။
အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှေ၀ခြင်းပါပဲဘုရား။
လမ်းသွားရင်း အမျှေ၀ချင်တယ်။
ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်၀န်းကျင်မှာရှိတဲ့
လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့်
အမျှေ၀ချင်လို့ပါဘုရား။

ခက်တာက အမျှကို အကျယ်ကြီးလူကြားအောင်
အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာ
အထူးအဆန်းကြီးလိုဖြစ်နေပြီး ရှက်လည်းရှက်လို့ပါဘုရား။
လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကော
သူတို့ကြားပါမလားဘုရား။ သူတို့ကိုယ့်ကုသိုလ်ကို
သာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင်
စိတ်ထဲကနေပဲရည်စူးပြီး စိတ်ထဲကနေ
ရွတ်ရင် ရပါသလားဘုရား။
ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ
လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။
(စုစုေ၀၊ ရန်ကုန်)

အမျှေ၀ခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာ၀င်တွေ
သေချာကျနစွာ မသိတာက များပါတယ်။
ဒါဟာလည်း သေချာပြောပြတဲ့လူမရှိသလို၊
ပြောပြတဲ့လူရှိတော့လည်း သေချာမှတ်သားထားမှု
အားနည်းနေလို့ပါ။ အဲဒီတော့
ဦးဇင်းသိသမျှကို အကုန်ပြောပြပေးပါမယ်။ နောက်
သူများမေးရင် ပြောပြတတ်အောင် သေချာမှတ်ထားကြပေါ့လေ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူ၀တၳုဟာ အလှူရှင်လက်ကနေ
အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။
ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ
ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-
“ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု”လို့
ဆုတောင်းပြီး အမျှေ၀မှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ
သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှေ၀ကာ
ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။

ဆုတောင်းခြင်း။ အမျှေ၀ခြင်းတို့မှာ
ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတယောက်အား
ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း
သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး
အမျှေ၀လို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှေ၀တဲ့အခါမှာလည်း
ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟု
စိတ်စေတနာ လေးလေးနက်နက်နဲ့ ပြုလုပ်မှသာ
ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ေ၀ဿန္တရာမင်းကြီးဘ၀မှာ
ဒါနပြုတိုင်း ရေစက်ချ၊ အမျှေ၀လေ့ရှိပါတယ်။
အဲဒီလိုရေစက်ချ အမျှေ၀ပေးမှုကြောင့်
မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့်
 ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ်ကိုရရေး)အတွက်
ေ၀ဿန္တရာဘ၀တွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို
ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု
သက်သေပြုတဲ့အတွက် ပထ၀ီမြေကြီးက
သက်သေခံခဲ့တာပါ။
အလှူရှင်မှာ အခြားအကုသိုလ်အကျိုးပေးလို့
ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက
အမျှပေးေ၀ဖူးသည်မဟုတ်လောဟု သတိပေးလို့
ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါတယ်။

ဒါပြင် ပုညကိရိယ၀တၳု(၁၀)ပါးတွင် အမျှေ၀ခြင်း
(ပတ္တိဒါန)ဟာလည်း ဒါနစတဲ့ ကုသိုလ်တို့လို
ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။
ဒါကြောင့် ရေစက်ချ၊ အမျှေ၀ခြင်းဟာ
ကုသိုလ်တစ်မျိုး တိုးပါတယ်။
အလှူတစ်ခုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ
လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့
နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊
ရေစက်ချခြင်းတို့ကို မပြုမနေ ပြုလုပ်ကြတာပါ။။

အမျှေ၀ခြင်းနဲ့ပတ်သတ်ပြီး သေချာကျနစွာသိမြင်အောင်
ပြောရမယ်ဆိုရင် အမျှေ၀ရေစက်ချတဲ့အခါမှာ
ရေစက်ခွက်နဲ့အောက်ခံလေးပါကြတာကို အားလုံးသိမယ်ထင်ပါတယ်။ ရှေးရှေးဆရာတော်ကြီးတွေကတော့ ရေစက်ချတဲ့အခါ
ရေစက်ခွက်ကို အလုံးပိတ်နဲ့မဟုတ်ဘဲ ရိုးရိုး
သာမန်ဖန်ခွက်ကိုသာ အသုံးပြုခိုင်းကြပါတယ်။

ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ရေစက်ချမဲ့ရေခွက်ထဲက
ရေရဲ့သန့်စင်မှုကိုမြင်ပြီး မိမိရဲ့စိတ်ကို ဖြူစင်နေအောင်ထားဖို့နှင့်
ငါပြုလုပ်တဲ့ကောင်းမှုဟာ ဟောဒီရေလို သန့်ရှင်းကြည်လင်လှတဲ့
ကောင်းမှုဖြစ်တဲ့အတွက် ခုကောင်းမှုရဲ့အကျိုးဆက်ကြောင့်
မြတ်နိဗ္ဗာန်ကို ရောက်ရပါစေလို့ ဆုတောင်းအာရုံပြုနိုင်အောင်လို့ပါ။
ရေကဲ့သို့ဖြူစင်အောင်ထားပြီး ဆုတောင်းနိုင်အောင်လို့
ရေကိုမြင်ရအောင် ထားခိုင်းခြင်းပါ။

ဒါပြင် ဒီရေဟာ မြေကြီးကိုသွန်းချ
လိုက်တဲ့အခါ ပြန်ယူလို့မရသလို
ငါလှူဒါန်းခဲ့တဲ့ ကောင်းမှုမှန်သမျှကိုလည်း
ငါဟာ နှမြှောတွန့်တိုပြန်လည်လိုချင်တဲ့စိတ်မရှိဘဲ
လွတ်လွတ်စွန့်ကြဲပြီးသား
မုတ္တစာဂီဖြစ်နေအောင် အာရုံပြုထားရပါမယ်။
ငါပြုခဲ့ကောင်းမှုကုသိုလ်ကို တကယ်များ
ငါမေ့လျော့နေသည်ရှိသော်
ကမ်ဘာမြေကြီးထဲ ရေများလောင်းချပြီး ရေစက်သွန်းချ
သက်သေအရာတည်ထားခဲ့အတွက်
ငါအားပြန်လည် အမှတ်ရအောင်
ကူညီပေးပါစေလို့ စိတ်ထားတတ်အောင်
ရေစက်ခွက်ထဲကရေကို မြေကြီးပေါ်သွန်းခိုင်းခြင်း ဖြစ်ပါတယ်။

တကယ်လို့ မိမိက ရေစက်ခွက်ထဲက ရေကို
မမြင်ရရင်လည်း ရေစက်ချလို့ ရေလေး
ကျဆင်းနေတဲ့အချိန်မှာ
ခုပြောခဲ့သလို အာရုံပြုပေးပါ။ နောက်တစ်ခုက
ရှေးတုန်းကတော့ ရေကို အောက်ခံမပါဘဲ
မြေကြီးပေါ်ကို တိုက်ရိုက်သွန်းချကြတယ်။

ခုတော့ အောက်ခံပါတော့ မြေကြီးပေါ်တိုက်ရိုက်
မရောက်ဘဲဖြစ်နေတဲ့အတွက် မိမိစိတ်မှာ
နှမြှောတွန့်တိုမှုတွေ
မဖြစ်ဘဲ လွတ်လွတ်စွန့်ကြဲများဖြစ်အောင်တော့
အာရုံပြုယူရကြပေါ့။ တချို့ကျတော့လည်း ရေစက်ခွက်
မလိုဘဲ အထက်ကပြောခဲ့သလို အာရုံပြုနိုင်မယ်ဆိုရင်တော့
ကိုင်စရာမလိုဘူးပေါ့။ ဒါပေမဲ့ ရေစက်ခွက်ကိုင်ရတာဟာ
ကျွန်တော်၊ ကျွန်တော်မတို့သည် ကောင်းမှုပြုသူတို့ဖြစ်ပါတယ်။
ကျွန်တော်တို့ပေးေ၀တဲ့ကောင်းမှုကို အမျှယူကြပါလို့
အမျှယူမဲ့ပုဂ္ဂိုလ်တွေအားလုံးသိအောင်
အလှူရှင်များအား ရေစက်ခွက်ကိုင်ခိုင်းတာပါ။

ဒါပြင် နောက်တစ်ချက်အဓိကအကျဆုံးအရာက
ရေစက်ချ အမျှေ၀တယ်ဆိုတာ ဦးဇင်းတို့
ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။
တခြားဘာသာတွေမှာ မရှိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့
ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူး
ဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာတွေမှာကတော့
အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှေ၀ခြင်းများ မပြုလုပ်ကြပါဘူး။

ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊
ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း
ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား
တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့်
ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှေ၀ရတာလဲဆိုတာ
ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို
တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှေ၀တဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ
လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို
လူတိုင်းသိကြမယ်ထင်ပါတယ်။
ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။

မိမိအိမ်မှာဖယောင်တိုင်းတစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။
အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့
ဖယောင်တိုင်းထွန်းတဲ့အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး
ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊
တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။

အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က
မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့
အမျှေ၀သလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့
တစ်မြို့လုံးဖြစ်စေ၊
တစ်ရွာလုံးဖြစ်စေ အလင်းရောင်တွေတောက်ပသွားပါတယ်။

အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ
မီးကို ရှယ်ယာပေးလိုက်သော်လည်း
မိမိပင်ရင်းဖယောင်းတိုင်မှာ
အလင်းရောင် လျှော့နည်းမသွားတဲ့အပြင်
မိမိရှယ်ယာလုပ်ပေးလို့
သူများတွေ အလင်းရောင်းပါရရှိပြီး
အလင်းရောင်များ
ပိုမိုတိုးသွားသလို အမျှေ၀တဲ့လူမှာလည်း
အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ
ပိုမိုတိုးသွားပါတယ်။ ဒါကတော့ ရေစက်ချရခြင်းရဲ့
အကြောင်းနဲ့ပြုလုပ်ပုံများပါ။

♦ ခု မေးခွန်းရှင်သိချင်တာကို ဖြေပေးပါမယ်။
မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှေ၀ရန်
အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း
အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး
အမျှေ၀ပေးပါ။ အမျှေ၀တဲ့အခါ နှုတ်ကနေ
အသံလေးနည်းနည်းတော့ ထွက်ဆိုတာက ပိုသင့်တော်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
အမျှေ၀တာကိုစောင့်ဆိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေမှာ
♦ တချို့က တန်ခိုးရှိကြပေမဲ့
♦ တချို့မှာ တန်ခိုးမရှိကြတော့ မကြားဘဲ ဖြစ်နေမှာစိုးလို့ပါ။
ဒါပေမဲ့ ကောင်းမှုကုသိုလ်ကို အမျှယူရန် စောင့်ဆိုင်းနေတဲ့
ပုဂ္ဂိုလ်တွေကတော့ သူတို့ကို သီးသန့်နာမည်တပ်ပြီး
အမျှေ၀ရင် သူတို့နားနဲ့သေချာမကြားရပေမဲ့
ဒီလူပါးစပ်လှုပ်တာဟာ အမျှေ၀တာဖြစ်မယ်လို့
မှန်းဆကာ သာဓုလည်း ခေါ်ဆိုကြပါလိမ့်မယ်။

လူအချင်းချင်းမှာလည်း တချို့စကားတွေကို
သေချာမကြားရပေမဲ့ ပြောတဲ့လူရဲ့
ဟန်အမူရာဟာကိုကြည့်ပြီး သူဘာပြောတယ်ဆိုတာကို
ရိတ်မိသလိုမျိုး သာဓုခေါ်ချင်တဲ့ပုဂ္ဂိုလ်တွေကလည်း
အဲဒီလို ရမ်းဖမ်းမျိုးနဲ့ သာဓုခေါ်ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မိမိအမျှေ၀တဲ့အခါမှာတော့
အသံလေး နည်းနည်းပါးပါးတော့ ထွက်ဆိုပေးတာ
အကောင်းဆုံးပါလို့ ပြောရပါစေ။

သူများတွေတော့ မသိဘူး။ ဦးဇင်းကတော့ ဘယ်သူက
ဘယ်အချိန် အမျှေ၀လည်းဆိုတာ သေချာမသိရတဲ့အတွက်
ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊
တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း
အားလုံးအား အမျှေ၀ပေးတယ်။ ပြီးရင်
တစ်နေ့တာရဲ့ အများကောင်းမှုတွေ
အမျှေ၀ပေးထားတာကိုလည်း ကောင်ကင်မှာ
ပျံ၀ဲနေဦးမယ်ထင်ပြီး အမျှအားလုံးကို
စုေ၀းပေးပါလို့ အဓိဋ္ဌာန်ကာ စုပေါင်းသာဓုခေါ်ဆိုလေ့ရှိပါတယ်။
ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။

အားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး
လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့
ဆန္ဒပြုလျက်….။
-[(အရှင်ကောမလ ဆန်နီနေမင်း)
(သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ)
Ph.D, Thesis (သီရိလင်္ကာ)]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။

ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်

ဖြိုးလေး(Myanmar Youth)ph-09969535368

******************************************************************

No comments