မိဘမေတ္တာ
" အဖေ "
" သား ဆယ်တန်းကျတယ် "
နွားစာကျွေးနေသော အဖေ ရုတ်တရတ်တုံ့သွားသည်......
မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေက
ကြားလိမ့်မည်မထင်။ အဖေ စကားတလုံးမှ
မပြောပဲ ကျွန်တော့်ကို စူးစိုက်ကြည့်နေသည်။
" ဟိုးမှာတွေ့လား ငါ့သား !!!
ဓား ( ၂ ) ချောင်းစီ ကျွန်တော့်ကို ညွှန်ပြသည်။
( စကားလမ်းလွှဲလိုက်သည်ဟု ကျွန်တော့်အထင် )
" လှည်းပေါ်တင်ကွာ အဖေနဲ့ လယ်တော ခဏ
လိုက်ခဲ့ အင်္ကျီထူထူ ယူခဲ့ "
နွားညိုသိုးကြီး ( ၂ ) ကောင်ကို ဆွဲသွားပြီး အဖေ
နွားလှည်းတပ်နေပြီ။ ကျွန်တော် အဖေ့နောက်မှ
ဝင်ထိုင်လိုက်သည်။ ( အတွေးထဲ ကျောင်းများ ထုတ်လိုက်သည်ဟု ထင်ခဲ့)
လယ်တောရောက်တော့ အဖေ ကျွန်တော့်ကို
ထွန်တုံးဆင်ပေးပြီး ထွန်ခိုင်းသည်။ ကျွန်တော်
အူကြောင်ကြောင် ဖြစ်သွားတယ်။ အဖေ ငါ့ကို
တကယ်များ ကျောင်းထုတ်လိုက်ပြီလား?
ကျွန်တော့်ကို တစ်ခါမှ အလုပ်မခိုင်းဘူးခဲ့တဲ့ အဖေက
ဒီလိုလုပ်တော့ အံ့သြသွားမိတာပေါ့......
ကျွန်တော် နွားကို ရိုက်လိုက်သည်။ လယ်ထဲကို
သုံးပတ်လောက် ပတ်မိတဲ့အချိန် ခြေဖဝါးတွေက
သွေးကျင်ဥ လာတယ်။ နေပူတဲ့ ဒဏ်ကြောင့်
ချွေးတလုံးလုံးနဲ့ ပင်ပန်းတဲ့ဒဏ်ကို မခံစားနိုင်
တော့ဘဲ ကျွန်တော် ယိုင်ကျသွားသည်။
" ငါ့သား ......
အဖေတို့ မင်းလို ပညာမသင်ခဲ့ရဘူး။
ပညာဆိုလို့ လေးတန်းပဲ အောင်ခဲ့တာ
မင်းကိုကျောင်းထားတယ်ဆိုတာ အဖေတို့လို
ပင်ပန်းမှာဆိုးလို့......ငါ့သားသမီးတွေ
ငါ့လို မဖြစ်ရလေအောင်ဆိုပြီး အဖေတို့
မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်းထား
ပြီး စာသင်ခိုင်းခဲ့တာ.....အဖေတို့ မင်းဆီက
ဘာမှမျော်လင့်ချက် မရှိဘူး။ ငါ့သားသမီး ငါ့လို
ပင်ပင်ပန်းပန်းနဲ့ မလုပ်စားစေချင်လို့......
နောင်တချိန်မှာ မင်းဘ၀လေး သာယာလှပဖို့။
( ပြောရင်းနဲ့ အဖေ့ အသံက ငိုသံပါသလိုလို ခံစားရ )
ကျွန်တော့် နောင်တနဲ့ အတူ မျက်ရည်တွေကျလာ
ခဲ့သည်။ ( စာမကျက်မိသည်များကို ) ...
ဟိုးအဝေးက အမေ တလှုပ်လှုပ်နဲ့ ထမင်းတောင်းကို ရွတ်လာတာ မြင်နေမိသည်။
အဖေ့ကို ထာဝရစဉ်လေးစားလျက်
#ပေတူ
Credit : မြန်မာ့ သတင်းထူး သတင်းဦး
Post a Comment