တန်ဖိုးဆိုတာသိမှ

➳ ➳ ➳ ➳ ➳ ➳ ➳

တစ်​ခါတုန်းက က​လေးတစ်​​ယောက်
တောထဲမှာ ​ဆော့ကစားရင်း ​ကျောက်​တုံး​လေးဆယ်​တုံး
လှလို့ဆိုပြီး အိမ်ယူလာတယ်
ပြီး​တော့ ​ရေကန်​ထဲ ပစ်​ထည့်​ထားလိုက်​တယ်

တ​နေ့ကျ​တော့ သူ့အိမ်​ကို အလှ​မွေး​ငါး
ရောင်းတဲ့လူလာရင်း
ကျောက်​တုံး​လေး​တွေကို ​တွေ့သွားတယ်
ပြီး​တော့ သ​ဘောကျလို့ နှစ်​တုံး ကို တစ်​​ထောင်​​ပေးပြီး
ယူသွားတယ်

နောက်​တ​နေ့ကျ​တော့ သူ့အိမ်​ကို
စီးပွား​ရေးသမားတစ်​​ယောက်​ ​ရေ​တောင်း​သောက်​ရင်း
ကျောက်​တုံး​လေး​တွေကိုကြည့်​ရင်း အဖိုးတန်​မှန်းသိလို့
နှစ်​တုံးကို တစ်​​သောင်းနဲ့ ​ပေးယူသွားတယ်

နောက်​သိမ်​မကြာခင်​မှာ ရတနာကုန်​သည်​တစ်​​ယောက်
ရောက်​လာပြီး ခဏနား ​ခြေလက်​​ဆေးရင်း
အဲ့​ကျောက်​တုံး​လေး​တွေကို ​တွေ့သွားတယ်
ဒါဟာ စိန်​ရိုင်းတုံး​တွေမှန်းသိ​တော့ ဆယ်​သိန်း​ပေးပြီး
နှစ်​တုံးယူသွားတယ်

အဲ့လိုနဲ့ တစ်​​နေ့မှာ ပန်းထိမ်​ ဆရာတစ်​ဦးဟာ
သူ့တို့အိမ်​မှာ ခဏဝင်​နားရင်း အဲ့စိန်​ရိုင်းတုံး​လေးကို
တွေမြင်​သွားပြန်​တယ်​ အဖိုးတန်​တဲ့အရာလို့
အကျိုးအ​ကြောင်း​ပြောပြီး သိန်းတစ်​ရာနဲ့​လဲယူသွားတယ်

တန်​ဖိုးဆိုတာ တန်​ဖိုးသိတဲ့ သိတဲ့ လူရဲ့လက်​ထဲမှာပဲ
တန်​ဖိုးဟာ ထိုးတတ်​သွားတယ်

ဘဝ ဆိုတာလည်း အဲ့လို့ပဲ ကိုယ့်​ကို
တန်​ဖိုးထားသူ​တွေရဲ့ ရင်​ထဲမှာ ကိုယ်​ဟာ တန်​ဖိုးရှိ​နေပြီး
ကိုယ့်​တန်​ဖိုးကို နားမလည်​သူ​တွေရဲ့ အမြင်​မှာ​တော့
ကိုယ်​ဟာ ​ရေထဲပစ်​ထည့်​ခံရသူလိုပဲ။

သူဘယ်​​လောက်​ပဲ တန်​ဖိုးရှိ​နေပါ​စေ
ကိုယ်​တိုင်​တန်​ဖိုးရှိ​အောင်​​နေပါ..

ဘဝ မှာ ကိုယ်​တန်​ဖိုးထား​ပေမယ့်
ထွက်​သွားသူ​တွေအတွက်​ ဝမ်းနည်း​နေမယ့်​အစား
ကိုယ့်​ ကိုယ်​တန်​ဖိုးထားသူ​တွေအတွက်
အချိန်​ပို​ပေးလိုက်​ပါ

တန်​ဖိုးဆိုတာ တန်​ဖိုးသိတဲ့ လူ​တွေအတွက်​မို့
ကိုယ့်​တန်​ဖိုး ကိုယ်​မဖျက်​ဆီးနဲ့။
သူများ​က ယုံကြည်​လို့​ပေးအပ်​ထားတဲ့
တန်​ဖိုးလည်း မဖျက်​ဆီးလိုက်​နဲ့။

ဘဝ မှာ ယုံကြည်​သူရဲ့ သစ္စာ​ဖောက်​ခြင်းခံရတာ​လောက်
ခံရခက်​တာ မရှိတာမို့
ကိုယ့်​ကသူယုံကြည်​မှုကို နင်းမယ်​​တွေးမိတိုင်း
ငါအလှည့်​ဆိုတာကို ​တွေးကြည့်​လိုက်​ပါ
တန်​ဖိုးကို မဖျက်​ဆီးလိုက်​ပါနဲ့

    ဘာမထီဘွား....အ​တွေးစာစု​လေးများ

တန်​ဖိုးဆိုတာ သိမှ

No comments