ဆယ်ပြား

ဆယ်​ပြား
######

``​ဟေ့​ကောင်​ ဆယ်​ပြားမနက်​ဖြန်​​ကျောင်းပိတ်​တယ်
အဲ့တာ ငါတို့ အ​ပျော်​စိတ်​​ပြေလက်​​ပျောက်
ငါးသွားမျှားမလို့ မင်းလိုက်​ခဲ့​လေ´´

``အင်း လိုက်​ခဲ့မယ်​​လေ ဘယ်​သူ​တွေပါ​သေးတယ်
ငါ့တို့သူငယ်​ချင်းငါး​ယောက်​ပဲ​လေ​ကွာ´´

နာမည်​က ဆယ်​ပြားတဲ့ အတန်းထဲက
သူငယ်​ချင်း​တွေက ထူးထူးဆန်းဆန်း​တွေးပြီး
အပူအပင်​မဲ့စွာ​နေတတ်​တဲ့ ``မင်းထက်​သာ´´ ကို
ချစ်​စနိုးနဲ့​ခေါ်ကြတာ ဆယ်​ပြားတဲ့

အဲ့ဆယ်​ပြားဆိုတဲ့​ကောင်​က တစ်​ခန်းလွတ်​​နေတာ​လေ
သူ့ကိုဘာ​ပြော​ပြောပြုံး​နေတာပဲ
ဘယ်​​လေက်​ထိရူးသလဲဆို
သူများ​တွေ ကစားချိန်​​ဆို
စာ​တွေကျက်​မှတ်​တယ်
သူများ​တွေစာကျက်​ပြီဆို သူကစားတယ်

အိမ်​ကစာတတ်​​စေချင်​လို့​ကျူရှင်​တစ်​ခုထား​ပေးတာကို
ကျူရှင်​မတတ်​ပဲ လမ်းမှာ​တောင်း​နေတဲ့က​လေး​တွေကို
သနားလို့ဆိုပြီး​ပေးတယ်​ ပိုတာကို အပြင်​စာအုပ်​​တွေ
ဝယ်​ဖတ်​လို့ အိမ်​ကရိုက်​တာလည်းမရ
အဲ့လို ရူး​ကြောင်​​ကြောင်​လုပ်​ရပ်​​တွေ​ကြောင့်
သူငယ်​ချင်း​တွေ​ခေါ်ကြတာက ဆယ်​ပြားတဲ့

ကျောင်းပိတ်​ရက်​မို့ ချိန်းထားတဲ့အတိုင်း
ချောင်းတစ်​ခုမှာ သူငယ်​ချင်း​တွေစုပြီးငါးမျှားကြတယ်
သူတို့လိုပဲ ဝမ်းစာ
အတွက်​ငါးမျှားကြသူ​တွေလည်းရှိတယ်

အဲ့လို့နဲ့ ဆယ်​ပြားရဲ့သူငယ်​ချင်း​တွေသာ
ငါး​တွေတစ်​​ကောင်​ပြီးတစ်​​ကောင်​ရကြတယ်
ဆယ်​ပြားတစ်​​ယောက်​ငါးမရ

ကြာ​တော့သူငယ်​ချင်းတစ်​​ယောက်​က
ဆယ်​ပြားရဲ့ကိုင်းတံယူပြီးလာမျှားကြည့်​တယ်
ငါးကတွတ်​တယ်​ ဆွဲပြီး​ပြေးတယ်​ ဆွဲတင်​လိုက်​တယ်
ငါးကပါမလာ ၊ ငါးစာကြည့်​​တော့ ငါးစားကကုန်​ပြီ
ဒါနဲ့အစာတပ်​ဖို့ ချိတ်​ကိုကိုင်​လိုက်​​တော့

``ဟင်​ဆယ်​ပြား မင်းကွာဘယ်​လိုလုပ်​ငါးရမှာလဲ
မင်းဟာကငါးမျှားချိတ်​မှမဟုတ်​တာ
တွယ်​ချိတ်​ကို​ကွေးထားတာပဲ အထစ်​( ဒစ်​ )မှမပါတာ
မင်းတစ်​သက်​လုံးမျှား ​သေ​တောင်​ငါးရမှာမဟုတ်​ဘူး
ဒါ​ကြောင့်​မင်းကိုဆယ်​ပြားလို့​ခေါ်ကြတာ´´ဆို​တော့
ဆယ်​ပြားကပြုံးတယ်​ပြီး​​တော့
အေး​အေး​ဆေး​ဆေး​ပြောတယ်

``ငါ မင်းတို့နဲ့ငါးမျှားထွက်​တာ ငါးကိုဖမ်းမိဖို့မှမဟုတ်​တာ
စိတ်​​ပြေလက်​​ပျောက်​ ငါးမျှားတာပဲကွာ
ကိုယ်​​ပျော်​ဖို့ စိတ်​​ကျေနပ်​ဖို့ သူတပါးအသက်​နဲ့ရင်းရတာ
မတရားပါဘူးကွာ
မင်းသာငါးဆိုပြီး​တွေး​ကြည့်​​လေ
သူတပါးစိတ်​ခဏ​ပျော်​ဖို့ မင်းအသက်​ကိုယူမယ်​ဆိုရင်
မင်း​ပျော်​ပါ့မလား

ဒါပဲသူငယ်​ချင်း စိတ်​​ပျော်​ရွင်​ဖို့ငါးမျှားတာပဲ
ငါးရဖို့မှမဟုတ်​တာ
ငါးရဖို့ဆိုတာ ​ဟောဟိုက
ဝမ်း​ရေးအတွက်​ကြိုးစား​နေသူ​တွေအလုပ်​ပါ

သူတပါးမျက်​ရည်​များစွာနဲ့မှ
ပြုံးရမယ်​ဆိုတာသဘာဝမကျဘူး
မင်းတို့ငါး​တွေအများကြီးရပါပြီးတဲ့
ဘာလုပ်​မှာလဲ ...ငါမသိဘူး..ပြီး​တော့ငါလိုက်​လာတာက
ရည်​ရွယ်​ချက်​တစ်​မျိုးတည်း
ငါးမျှားဖို့ပဲ ငါးရဖို့မပါဘူး
ဒါ​ကြောင့်​ တွယ်​ချိတ်​ကို​ကွေးပြီး
ငါး​တွေကိုအစာလာ​ကြွေးတာ

ထစ်​မပါ​ပေမယ့်​ မင်းတို့လိုပဲ
ငါးစာကိုတွတ်​လိုက်​တဲ့တုန်​ခါမှုငါရတယ်
ပြီး​တော့ ရယူလိုစိတ်​မရှိပဲအစာချ​ကျွေးရတာကိုက
ရင်​ထဲမှာတစ်​မျိုးပဲ

မင်းနဲ့ငါအ​တွေးချင်းမှမတူတာ
ငါက ဆယ်​ပြား​လေသူငယ်​ချင်း
မင်း​ပျော်​ဖို့ မင်းဘာသာမျှားပါ
ငါ့စိတ်​​ပျော်​ဖို့ငါးစာ​ကျွေးမယ်
ပြန်​ရင်​ငါ​ခေါ်တဲ့

ကဲ မိတ်​​ဆွေတို့​ရော ဘဝမှာ
ကိုယ်​ပြုံး​ပျော်​​စေဖို့ ဘယ်​သူ​တွေကိုမျက်​ရည်​ကျ​စေခဲ့လဲ
ကိုယ်​လိုချင်​တာရဖို့ ဘာ​တွေကျူးလွန်းမိလဲ
ကိုယ်​တိုင်​​အေးချမ်းဖို့​ရော ဘာ​တွေ​ပေး​ဝေခဲ့လည်း
ငါးလိုချင်​ရင်​မျှားယူလို့ရတယ်​ ...
ပျော်​ရွင်​ဖို့အတွက်​နဲ့​တော့....
ဆယ်​ပြားမလိုပါ​စေနဲ့

 credit::  ဘာမထီဘွား....အ​တွေးစာစု​လေးများ

No comments