နှစ်သက်မိတဲ့စာတစ်ပုဒိ


----------------------------------

"မင်း ဘယ်​သူလဲ.."

"ကျွန်​​တော်​ ​သေမင်းပါ..

ခွင့်​ပြုလိုက်​ရပါတယ်​..
မ​ကျေမနပ်​နဲ့​မေးတယ်​..


သေမင်းက အ​ဝေးကိုတစ်​​ရွေ့​ရွေ့ပြန်​ထွက်​သွားတယ်​..

ဖတ်​ခဲ့ဖူးတဲ့ ၀တ္ထုတို​လေးတစ်​ပုဒ်​​ပေါ့..
ဒီဝတ္ထု​လေးကို​ရေးသူက ဆရာ​ဖေမြင့်​ လား
ဆရာတာရာမင်း​ဝေ လား
ပိုဆိုးရွား​ကြောင်း ​ဒီဝတ္ထုတို​လေးက အလင်းပြထားတယ်​..

မဆိုးရွားလား မသိ..ကျိန်း​သေတာက​တော့
အ​ပေါ်က၀တ္ထုတိုထဲကလို






********************************************************************************************


----------------------------------
ဟိုး​ရှေး​ရှေးတုန်​းက မြို့တစ်​မြို့ကို
​သေမင်​းက ​ရောဂါပိုးတစ်​ခု သယ်​ပြီး ၀င်​လာတယ်​..
မြို့​စောင်​့နတ်​က​မေးတာ​ပေါ့..

"မင်​း ဘယ်​သူလဲ.."

"ကျွန်​​တော်​ ​သေမင်​းပါ..
ပလိပ်​​ရောဂါပိုးကို သယ်​လာပါတယ်​..
ဒီမြို့က လူတစ်​​ထောင်​ကို သတ်​မလို့ပါ..
သူတို့ရဲ့ ကံအရ ​သေချိန်​တန်​ပြီမို့ပါ.."

မြို့​စောင်​့နတ်​ကလည်​း ​သေမင်​းဆို​တော့
ခွင်​့ပြုလိုက်​ရပါတယ်​..
​နောက်​​နေ့လည်​းကျ​ရော အဲဒီမြို့က
လူတစ်​​သောင်​း ​သေသွားကြတယ်​..
​သေမင်​းက သူ့တာ၀န်​​တွေပြီးလို့
မြို့ကပြန်​ထွက်​လာတဲ့အခါ မြို့​စောင်​့နတ်​က
မ​ကျေမနပ်​နဲ့​မေးတယ်​..

"ခင်​ဗျား သတ်​မယ်​ဆိုတဲ့သူက လူတစ်​​ထောင်​ဆို..
ခု​တော့ လူတစ်​​သောင်​း ​သေသွားတာပါလား.."

"ဟုတ်​ကဲ့..ကျွန်​​တော်​ ပလိပ်​​ရောဂါပိုးကို
လူတစ်​​ထောင်​ဆီပဲ အတိအကျ ပို့လိုက်​တာပါ..ကျန်​တဲ့လူ ကိုး​ထောင်​က
သူတို့ဟာသူတို့ ပလိပ်​​ရောဂါဖြစ်​တယ်​ထင်​ပြီး ​ကြောက်​လန်​့ပြီး ​သေကြတာပါ.."
​သေမင်​းက အ​ေ၀းကိုတစ်​​ရွေ့​ရွေ့ပြန်​ထွက်​သွားတယ်​..

ဖတ်​ခဲ့ဖူးတဲ့ ၀တၳုတို​လေးတစ်​ပုဒ်​​ပေါ့..
မှတ်​မိသ​လောက်​လေး နီးစပ်​​အောင်​ပြန်​​ရေးတာပါ..
ဒီ၀တၳု​လေးကို​ရေးသူက ဆရာ​ဖေမြင်​့ လား
ဆရာတာရာမင်​း​ေ၀ လား
ဘယ်​ဆရာ​ရေးတာလဲ မမှတ်​မိ​တော့ပါ..
အ​ကြောက်​တရားရဲ့ ​ကြောက်​စရာ​ကောင်​းပုံက​ တကယ်​့​ ကပ်​ ရောဂါထက်​
ပိုဆိုးရွား​ကြောင်​း ​ဒီ၀တၳုတို​လေးက အလင်​းပြထားတယ်​..

ရန်​ကုန်​မှာ H1N1 သံသယရှိလူနာ​တွေ့ပြီလို့
အွန်​လိုင်​း သတင်​း​တွေက ဆို​နေတယ်​..
လူနာအ​ခြေအ​နေက တကယ်​ဆိုးရွားလား
မဆိုးရွားလား မသိ..ကိျန်​း​သေတာက​တော့
လူ​တွေ ​ဆိုးဆိုးရွားရွား​ကြောက်​လန်​့ကုန်​ပါတယ်​..
ဒီကြားထဲ နှာ​ခါင်းစွပ်​​ Mask တွေကို ​​သိုလှောင်​ပြီး​ ဈေးတင်​​ရောင်​းမဲ့
စီးပွား​ရေးသမား​တွေကလည်​းထုံးစံအတိုင်​း လူ​တွေမလန်​့ လန်​့​အောင်​
မ​ကြောက်​​ ​ကြောက်​​အောင်​ ဂျပိုးကို လိပ်​ဖြစ်​​အောင်​ဖွ ကြပါလိမ်​့အုံးမယ်​..
​ပေါ်ပင်​ဖြစ်​ရင်​ပြီး​ရော (​စေတနာမပါဘဲ)
Like များများလိုချင်​တဲ့ (တစ်​ချို့​သော)
သတင်​း page ​တွေကလည်​း ဖွ​ ​ကောင်​း​ကောင်​းနဲ့ဖွ ပါလိမ်​့မယ်​..
ပြည်​သူလူထုအ​နေနဲ့ အရမ်​းကြီး အသိလက်​လွတ်​စိုးရိမ်​ထိတ်​လန်​့​နေတာမျိုး
မဟုတ်​ဘဲ ပုံမှန်​ထက်​​တော့ အသိ သတိပိုထားပြီး
အစိုးရရဲ့ တရား၀င်​ ထုတ်​ပြန်​ချက်​​တွေအ​ပေါ်မှာသက်​ဆိုင်​ရာဌာန​တွေက
သတိ​ပေးချက်​​တွေအတိုင်​း ပြုမူ​နေထိုင်​ကြ​စေလိုပါတယ်​..
တကယ်​ပဲ H1N1 ဖြစ်​ခဲ့ရင်​​တောင်​
အ​ပေါ်က၀တၳုတိုထဲကလို
တကယ်​​ရောဂါဖြစ်​မဲ့ လူတစ်​​ထောင်​ ထဲ
ကိုယ်​မပါဖို့ အ​ရေးကြီးလှသလို
​ကြောက်​လန်​့ပြီး ​သေကြမဲ့ လူကိုး​ထောင်​ထဲလည်​းကိုယ်​မပါဖို့ လိုအပ်​ပါ​ကြောင်​း...

source: မြန်မာ့သတင်းစုံ - Myanmar News

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။

ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်

ဖြိုးလေး(Myanmar Youth)ph-09969535368

********************************************************************************************----

No comments