သင္ခန္းစာ

#ပိုက္ဆံခ်မ္းသာတဲ့ အေဖက သူ႔သားေလးကို ရႊာတစ္ရႊာဆီကို အလည္သေဘာနဲ႔ ေခၚသြားတယ္။
ရည္ရြယ္ခ်က္က ဆင္းရဲတဲ့ လူေတြရဲ႕ ဘဝ ကိုျမင္ေစ သိေစခ်င္လို႔။

ရႊာေရာက္ေတာ့ လယ္သမားမိသားစု ကို ဝိုင္းဝန္းကူညီ စားေသာက္ရင္း
လယ္ေတာထဲမွာ တညအိပ္ခဲ့တယ္။

ေနာက္ေန႔ မနက္အိမ္အျပန္ခရီးမွာ သားကိုေမးတယ္.."ဘယ္လိုလဲ သား.ခရီးသြားတာေပ်ာ္ရဲ႕လား..?" သား က ျပန္ေျဖတယ္ " အရမ္းေပ်ာ္တယ္အေဖ"..

ဒါနဲ႔ အေဖက ဆက္ေမးတယ္.."သား..မင္းခုဆိုေတြ႕ၿပီမွတ္လား..
သူတို႔ရဲ႕ဘဝေတြ ဘယ္ေလာက္ ဆင္းဆင္းရဲရဲ နဲ႔ ေနရတယ္ဆိုတာ...အေဖ့ကိုေျပာပါအံုး..သား ဘာသင္ခန္းစာေတြရခဲ့လဲ"

သားလုပ္တဲ့သူက ျပန္ေျဖတယ္..

"သားတို႔မွာ ေခြး ၁ ေကာင္ပဲ ရွိတယ္..သူတို႔မွာ ၄ ေကာင္ေတာင္ရွိတယ္"

"သားတို႔မွာ ေရကူးကန္ ၁ ကန္ပဲရွိတယ္..သူတို႔မွာ ကူးစရာ ေခ်ာင္းေတြ ျမစ္ေတြ မ်ားႀကီးပဲ"

"သားတို႔မွာ ညဘက္ေရာက္ရင္ မီးလင္းတဲ့ လွ်ပ္စစ္ ဖန္ေခ်ာင္းေတြရွိတယ္..သူတို႔မွာ သဘာဝႀကီးက ေပးထားတဲ့ ေကာင္းကင္က ၾကယ္အလင္းေရာင္ေတြမ်ားႀကီးရွိတယ္"

"သားတို႔စားမဲ့ အစားအစာေတြကို ပိုက္ဆံ ေပးဝယ္ရတယ္...သူတို႔က ယာခင္းထဲမွာ ကိုယ္တိုင္စိုက္ပ်ိဳးတယ္"

"သားတို႔ က ေဘးကင္းလံုျခံဳဖို႔အတြက္ နံရံ ေလးဖတ္ခက္ထားတဲ့ အုပ္တံတိုင္းကို အကာအကြယ္ျပဳၿပီး  ေနရတယ္...သူတို႔မွာ အုပ္နံရံထက္ ပိုၿပီးလံုျခံဳစိတ္ခ်ရတဲ့  အိမ္နီးနာခ်င္းေကာင္း ေတြရွိတယ္.."

"သားတို႔က ညဘက္ေရာက္ရင္ ဖုန္းတလံုးကိုယ္စီ TV တလံုးစီ နဲ႔ အခ်ိန္ကုန္က်တယ္...သူတို႔က မီးပံုေပးမွာ မိသားစုေတြဝိုင္းဖြဲ႕ၿပီး စကားေတြ ေဖာင္ဖြဲ႕ေအာင္ေျပာက် ရယ္က်တယ္.

အေဖမွာ ပါးစပ္အေဟာင္းသားနဲ႔ ဘာထပ္ေျပာရမွန္းေတာင္မသိေတာ့ဘူး...

အဲခ်ိန္မွာ သားက ဆက္ေျပာတယ္.." အေဖ...ခုသားတို႔ဘယ္ေလာက္ ဆင္းရဲတယ္ဆိုတာကို သိေအာင္ ျပေပးတဲ့အတြက္ အေဖ့ကို အရမ္းေက်းဇူးတင္ပါတယ္" တဲ့..

#သင္ခန္းစာ

#တကယ္ေတာ့ လက္ထဲမွာ ပိုက္ဆံေတြ အပံုလိုက္ႀကီး ရွိမွ တိုက္ႀကီး တာႀကီး ေတြမွာ ေနမွ ခ်မ္းသာတာမဟုတ္ပါဘူး..

#တကယ္ခ်မ္းသာမႈဆိုတာ ဘဝမွာ သဘာဝအတိုင္း ႐ိုးသားျဖဴစင္စြာေနထိုင္ၿပီး ခ်စ္ျခင္းေမတၱာေတြ မွ်ေဝကာ တေယာက္ကိုတေယာက္ ေဖးမ႐ိုင္းပင္းကူညီရင္း နဲ႔ ကၽြန္ေတာ္တို႔ တန္ဖိုးထားတဲ့ မိတ္ေဆြ အေပါင္းအသင္းေတြ ကၽြန္ေတာ္တို႔ခ်စ္တဲ့ မိသားစု ေတြနဲ႔ ဥမကြဲ သိုက္မပ်က္ ေအးခ်မ္းေပ်ာ္ရြင္စြာ လက္တြဲ ေနထိုင္ျခင္း ကသာ တကယ္ခ်မ္းသာျခင္းျဖစ္ပါတယ္။

အင္တာနက္က စာတပုဒ္ကို ျမန္မာလိုဆီေလ်ာ္ေအာင္ဘာသာျပန္
ေရးတာပါ။

Credit ZayerLynn

က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါ။


က်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။


က်ြန္ေတာ့္ပို႔စ္တစ္ခုခ်င္းစီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကၠာရတင္ရွိပါတယ္


ျဖိဳးေလး(Myanmar      Youth)ph-09969535368


**********************************************************************************************


#ပိုက်ဆံချမ်းသာတဲ့ အဖေက သူ့သားလေးကို ရွှာတစ်ရွှာဆီကို အလည်သဘောနဲ့ ခေါ်သွားတယ်။
ရည်ရွယ်ချက်က ဆင်းရဲတဲ့ လူတွေရဲ့ ဘဝ ကိုမြင်စေ သိစေချင်လို့။

ရွှာရောက်တော့ လယ်သမားမိသားစု ကို ဝိုင်းဝန်းကူညီ စားသောက်ရင်း
လယ်တောထဲမှာ တညအိပ်ခဲ့တယ်။

နောက်နေ့ မနက်အိမ်အပြန်ခရီးမှာ သားကိုမေးတယ်.."ဘယ်လိုလဲ သား.ခရီးသွားတာပျော်ရဲ့လား..?" သား က ပြန်ဖြေတယ် " အရမ်းပျော်တယ်အဖေ"..

ဒါနဲ့ အဖေက ဆက်မေးတယ်.."သား..မင်းခုဆိုတွေ့ပြီမှတ်လား..
သူတို့ရဲ့ဘဝတွေ ဘယ်လောက် ဆင်းဆင်းရဲရဲ နဲ့ နေရတယ်ဆိုတာ...အဖေ့ကိုပြောပါအုံး..သား ဘာသင်ခန်းစာတွေရခဲ့လဲ"

သားလုပ်တဲ့သူက ပြန်ဖြေတယ်..

"သားတို့မှာ ခွေး ၁ ကောင်ပဲ ရှိတယ်..သူတို့မှာ ၄ ကောင်တောင်ရှိတယ်"

"သားတို့မှာ ရေကူးကန် ၁ ကန်ပဲရှိတယ်..သူတို့မှာ ကူးစရာ ချောင်းတွေ မြစ်တွေ များကြီးပဲ"

"သားတို့မှာ ညဘက်ရောက်ရင် မီးလင်းတဲ့ လျှပ်စစ် ဖန်ချောင်းတွေရှိတယ်..သူတို့မှာ သဘာဝကြီးက ပေးထားတဲ့ ကောင်းကင်က ကြယ်အလင်းရောင်တွေများကြီးရှိတယ်"

"သားတို့စားမဲ့ အစားအစာတွေကို ပိုက်ဆံ ပေးဝယ်ရတယ်...သူတို့က ယာခင်းထဲမှာ ကိုယ်တိုင်စိုက်ပျိုးတယ်"

"သားတို့ က ဘေးကင်းလုံခြုံဖို့အတွက် နံရံ လေးဖတ်ခက်ထားတဲ့ အုပ်တံတိုင်းကို အကာအကွယ်ပြုပြီး နေရတယ်...သူတို့မှာ အုပ်နံရံထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ အိမ်နီးနာချင်းကောင်း တွေရှိတယ်.."

"သားတို့က ညဘက်ရောက်ရင် ဖုန်းတလုံးကိုယ်စီ TV တလုံးစီ နဲ့ အချိန်ကုန်ကျတယ်...သူတို့က မီးပုံပေးမှာ မိသားစုတွေဝိုင်းဖွဲ့ပြီး စကားတွေ ဖောင်ဖွဲ့အောင်ပြောကျ ရယ်ကျတယ်.

အဖေမှာ ပါးစပ်အဟောင်းသားနဲ့ ဘာထပ်ပြောရမှန်းတောင်မသိတော့ဘူး...

အဲချိန်မှာ သားက ဆက်ပြောတယ်.." အဖေ...ခုသားတို့ဘယ်လောက် ဆင်းရဲတယ်ဆိုတာကို သိအောင် ပြပေးတဲ့အတွက် အဖေ့ကို အရမ်းကျေးဇူးတင်ပါတယ်" တဲ့..

#သင်ခန်းစာ

#တကယ်တော့ လက်ထဲမှာ ပိုက်ဆံတွေ အပုံလိုက်ကြီး ရှိမှ တိုက်ကြီး တာကြီး တွေမှာ နေမှ ချမ်းသာတာမဟုတ်ပါဘူး..

#တကယ်ချမ်းသာမှုဆိုတာ ဘဝမှာ သဘာဝအတိုင်း ရိုးသားဖြူစင်စွာနေထိုင်ပြီး ချစ်ခြင်းမေတ္တာတွေ မျှဝေကာ တယောက်ကိုတယောက် ဖေးမရိုင်းပင်းကူညီရင်း နဲ့ ကျွန်တော်တို့ တန်ဖိုးထားတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ကျွန်တော်တို့ချစ်တဲ့ မိသားစု တွေနဲ့ ဥမကွဲ သိုက်မပျက် အေးချမ်းပျော်ရွင်စွာ လက်တွဲ နေထိုင်ခြင်း ကသာ တကယ်ချမ်းသာခြင်းဖြစ်ပါတယ်။

အင်တာနက်က စာတပုဒ်ကို မြန်မာလိုဆီလျော်အောင်ဘာသာပြန်
ရေးတာပါ။

Credit ZayerLynn

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။


ကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။


ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပက္ကာရတင်ရှိပါတယ်


ဖြိုးလေး(Myanmar Youth)ph-09969535368


**********************************************************************************************




No comments