ကမၻာေက်ာဂုတ္ထိပ္တံတားၾကီးသမိုင္း







မြန်မာစာမမှန်သောဖုန်းများအတွက်Uni codeကိုအောက်ဆုံးတွင်ဖတ်ရှုနိုင်ပါသည်
ျမန္မာစာမမွန္ေသာဖုန္းမ်ားအတြက္Uni codeကိုေအာက္ဆံုးတြင္ဖတ္ရႈနိုင္ပါသည္


ကမာၻ႔အႀကီးဆုံး မီးရထားသံလမ္းတံတား (သုိ႔) ဂုတ္ထိပ္တံတား

==================================

ရွမ္းၿပည္နယ္ေၿမာက္ပုိင္း သီေပါနယ္တြင္ ရွမ္းဘာသာၿဖင့္ ဟုိကြတ္ ဟုေခၚ
ေသာရြာတစ္ရြာ ရွိပါတယ္။ ထုိရြာကုိ ၿမန္မာတုိ႔က ငုတ္ထိပ္
ဟုေခၚၿပီး ကာလေရြ႕ေလ်ာေသာအခါ ငုတ္ထိပ္မွ ဂုတ္ထိပ္ၿဖစ္လာပါ
တယ္။ ထုိရြာအနီးတြင္ တည္ေဆာက္တဲ့ နည္းပညာအဆင့္ၿမင့္မႈ နဲ႔ သဘာ၀ပတ္၀န္းက်င္အလွအပေႀကာင့္ ကမာၻ႔အံဖြယ္စာရင္းတြင္ ပါ၀င္
ခဲ့တဲ့ တံတားတစ္စင္းရွိပါတယ္။ ထုိတံတားကုိ ဂုတ္ထိပ္တံတားဟုေခၚ
ၿပီး ၿမန္မာႏုိင္ငံတြင္ အၿမင့္ဆုံး၊ ကမာၻ႔အႀကီးဆုံး မီးရထားသံလမ္းတံ
တားႀကီး တစ္စင္းလည္းၿဖစ္ပါတယ္။

၁၈၉၇ ခုႏွစ္တြင္ ၿဗိတိသွ်အစုိးရဟာ မႏၱေလးမွ ဗန္းေမာ္သုိ႔ မီးရထား
လမ္းေဖာက္ လုပ္ရာ မႏၱေလးမွ ကြမ္းလုံသုိ႔ မီးရထားလမ္းေဖာက္လုပ္
ရန္ လုိအပ္ေႀကာင္း သိရွိခဲ့ပါတယ္။ ထုိ႔ေႀကာင့္ ဆာေအအမ္
ရင္း ဒဲလ္အင္(Sir Arthur Rendel) က ပုံစံေရးဆြဲ၍ အေမရိကန္ ပင္ဆီလေဗဒနီးယား(Pennsylvania)
 ႏွင့္ ေမရီလန္( Maryland) တံတား ေဆာက္လုပ္ေရး ကုမၸဏီအား ငွားရမ္းကာ
 ေနာင္ခ်ဳိဘူတာအလြန္ ၇မုိင္ မွာ ဂုတ္ထိပ္တံတားကုိ ေဆာက္လုပ္ေစ
ခဲ့ပါတယ္။ ၁၈၉၉ ခုႏွစ္ တြင္ စတင္တည္ေဆာက္ၿပီး ၁၉၀၀ ၿပည့္ႏွစ္
တြင္ ၿပီးဆုံးခဲ့ေသာ္လည္း ၁၉၀၃ ခုႏွစ္ေရာက္မွသာ စတင္အသုံးၿပဳခဲ့
ပါတယ္။

 တံတားရဲ႕ အရွည္မွာ ၂၂၆၀ ရွိၿပီး အၿမင့္မွာ ၂၅၀ မီတာ (၈၂၀ ေပ) ရွိပါတယ္။ တံတားေဆာက္လုပ္ရာတြင္ သံႏွင့္ သံမဏိတန္ခ်ိန္ ၄၃၁၁ 
တန္၊ သံမႈိေပါင္း ၁ သန္း၊ ေပ ၁၂၀ ရွည္တဲ့ သံေဘာင္ ၁၀ ခု၊ ေပ ၆၀ ရွည္တဲ့ သံေဘာင္ ၁၆ ခု တုိ႔ၿဖင့္ သံမဏိတုိင္ႀကီး ၁၆ တုိင္ေပၚ၌ ခဲရာခဲ
ဆစ္ တည္ေဆာက္ခဲ့ရပါတယ္။ ကုန္က်ေငြမွာ ထုိေခတ္က ၁၆၉၈၂၀၀ က်ပ္ၿဖစ္ပါတယ္။

ထုိတံတားဟာ နမၼတူသတၱဳတြင္း တူးေဖာ္ေရးလုပ္ငန္း ႏွင့္ သယ္ယူ ပုိ႔ေဆာင္ေရးတြင္ အေရးပါၿပီး ၿမန္မာ့စီးပြားေရးကုိ မ်ားစြာ အေထာက္ အကူၿပဳခဲ့ပါတယ္။ ထုိ႔ေႀကာင့္ ဒုတိယကမာၻစစ္မွာ မဟာမိတ္တုိ႔၏ ေၿမ
လွန္စနစ္အရ ဖ်က္စီးၿခင္းခံခဲ့ရပါတယ္။ သုိ႔ေသာ္ သံတုိင္ အမွတ္ ၂ ႏွင့္
 ၅ သာ ပ်က္စီးခဲ့ပါတယ္။ ထုိ႔ေနာက္ ဂ်ပန္တုိ႔လက္ထက္မွာ သံတုိင္အမွတ္
 ၉၊ ၁၀၊ ၁၁ ႏွင့္ ၁၂ တုိ႔ကုိဖ်က္စီးႀကၿပန္ပါတယ္။ 

လြတ္လပ္ေရးရၿပီးေနာက္ ထုိတံတားကုိ ႏုိင္ငံၿခားကုမၸဏီမ်ားကုိ ငွားရမ္းၿပဳၿပင္ရန္စီစဥ္ခဲ့ေသာ္လည္း ငွားရမ္းခ ႀကီးၿမင့္လွတာေႀကာင့္ ၿမန္မာ့မီးရထားဌာန ကပင္ ဦးစီးၿပဳၿပင္ခဲ့ရပါတယ္။ ၁၉၄၈ ခုႏွစ္ ေမလ
 က စတင္ၿပဳၿပင္ခဲ့ေသာ္လည္း လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ပစၥည္း
မ်ား မွာလည္း ရွားပါးလွသၿဖင့္ ၁၉၅၁ ႀသဂုတ္လ တြင္မွ ၿပန္လည္ၿပင္
ဆင္ ၿပီးစီးခဲ့ပါတယ္။ ၿပဳၿပင္စရိတ္ ၃၂ သိန္းခန္႔ ကုန္က်ခဲ့ပါတယ္။

 ေပ ၃ဝဝ ေက်ာ္မတ္ ေစာက္သည့္ လွ်ဳိႀကီးႏွစ္ခုကုိ ျဖတ္ကာ ခဲရာခဲ
ဆစ္ တည္ေဆာက္ထားခဲ့ၿပီး  ေခတ္အဆက္ဆက္ ပ်က္စီးယုိယြင္းမႈမ်ား ထိန္းသိမ္းခဲ့တာေႀကာင့္ ဂုတ္ထိပ္တံတားဟာ ကမာၻလွည့္ခရီးသြား အမ်ားအၿပား မႀကာခဏ လာေရာက္ႀကည့္ရႈေလ့ရွိတဲ့ ေနရာတစ္ခုလည္း ၿဖစ္ေနပါေတာ့တယ္။

Ref
ၿမန္မာ့စြယ္စုံက်မ္း
ေမာင္ႀကည္သန္႔-ၿမန္မာၿမဳိ႕ရြာ ေ၀ါဟာရ ၂၀၀
en.wikipedia.org

ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတား (သို့) ဂုတ်ထိပ်တံတား

==================================

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ် ဟုခေါ်သောရွာတစ်ရွာ ရှိပါတယ်။ ထိုရွာကို မြန်မာတို့က ငုတ်ထိပ်
ဟုခေါ်ပြီး ကာလရွေ့လျောသောအခါ ငုတ်ထိပ်မှ ဂုတ်ထိပ်ဖြစ်လာပါ
ဋ္ဌတယ်။ ထိုရွာအနီးတွင် တည်ဆောက်တဲ့ နည်းပညာအဆင့်မြင့်မှု နဲ့ သဘာဝပတ်ဝန်းကျင်အလှအပကြောင့် ကမ္ဘာ့အံဖွယ်စာရင်းတွင် ပါဝင်
ခဲ့တဲ့ တံတားတစ်စင်းရှိပါတယ်။ ထိုတံတားကို ဂုတ်ထိပ်တံတားဟုခေါ်
ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံ
တားကြီး တစ်စင်းလည်းဖြစ်ပါတယ်။

၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရဟာ မန္တလေးမှ ဗန်းမော်သို့ မီးရထား
လမ်းဖောက် လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်းဖောက်လုပ်
ရန် လိုအပ်ကြောင်း သိရှိခဲ့ပါတယ်။ ထို့ကြောင့် ဆာအေအမ်
ရင်း ဒဲလ်အင်(Sir Arthur Rendel) မှ ပုံစံရေးဆွဲ၍ အမေရိကန် ပင်ဆီလဗေဒနီးယား(Pennsylvania)
 နှင့် မေရီလန်( Maryland) တံတား ဆောက်လုပ်ရေး ကုမ္ပဏီအား ငှားရမ်းကာ
 နောင်ချိုဘူတာအလွန် ၇မိုင် မှာ ဂုတ်ထိပ်တံတားကို ဆောက်လုပ်စေ
ခဲ့ပါတယ်။ ၁၈၉၉ ခုနှစ် တွင် စတင်တည်ဆောက်ပြီး ၁၉၀ဝ ပြည့်နှစ်
တွင် ပြီးဆုံးခဲ့သော်လည်း ၁၉၀၃ ခုနှစ်ရောက်မှသာ စတင်အသုံးပြုခဲ့
ပါတယ်။

 တံတားရဲ့ အရှည်မှာ ၂၂၆၀ ရှိပြီး အမြင့်မှာ ၂၅၀ မီတာ (၈၂၀ ပေ) ရှိပါတယ်။ တံတားဆောက်လုပ်ရာတွင် သံနှင့် သံမဏိတန်ချိန် ၄၃၁၁ 
တန်၊ သံမှိုပေါင်း ၁ သန်း၊ ပေ ၁၂၀ ရှည်တဲ့ သံဘောင် ၁၀ ခု၊ ပေ ၆၀ ရှည်တဲ့ သံဘောင် ၁၆ ခု တို့ဖြင့် သံမဏိတိုင်ကြီး ၁၆ တိုင်ပေါ်၌ ခဲရာခဲ
ဆစ် တည်ဆောက်ခဲ့ရပါတယ်။ ကုန်ကျငွေမှာ ထိုခေတ်က ၁၆၉၈၂၀ဝ ကျပ်ဖြစ်ပါတယ်။

ထိုတံတားဟာ နမ္မတူသတ္တုတွင်း တူးဖော်ရေးလုပ်ငန်း နှင့် သယ်ယူ ပို့ဆောင်ရေးတွင် အရေးပါပြီး မြန်မာ့စီးပွားရေးကို များစွာ အထောက် အကူပြုခဲ့ပါတယ်။ ထို့ကြောင့် ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တို့၏ မြေ
လှန်စနစ်အရ ဖျက်စီးခြင်းခံခဲ့ရပါတယ်။ သို့သော် သံတိုင် အမှတ် ၂ နှင့်
 ၅ သာ ပျက်စီးခဲ့ပါတယ်။ ထို့နောက် ဂျပန်တို့လက်ထက်မှာ သံတိုင်အမှတ်
 ၉၊ ၁၀၊ ၁၁ နှင့် ၁၂ တို့ကိုဖျက်စီးကြပြန်ပါတယ်။ 

လွတ်လပ်ရေးရပြီးနောက် ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများကို ငှားရမ်းပြုပြင်ရန်စီစဉ်ခဲ့သော်လည်း ငှားရမ်းခ ကြီးမြင့်လှတာကြောင့် မြန်မာ့မီးရထားဌာန ကပင် ဦးစီးပြုပြင်ခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ် မေလ
 က စတင်ပြုပြင်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ပစ္စည်း
များ မှာလည်း ရှားပါးလှသဖြင့် ၁၉၅၁ သြဂုတ်လ တွင်မှ ပြန်လည်ပြင်
ဆင် ပြီးစီးခဲ့ပါတယ်။ ပြုပြင်စရိတ် ၃၂ သိန်းခန့် ကုန်ကျခဲ့ပါတယ်။

 ပေ ၃ဝဝ ကျော်မတ် စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ ခဲရာခဲ
ဆစ် တည်ဆောက်ထားခဲ့ပြီး  ခေတ်အဆက်ဆက် ပျက်စီးယိုယွင်းမှုများ ထိန်းသိမ်းခဲ့တာကြောင့် ဂုတ်ထိပ်တံတားဟာ ကမ္ဘာလှည့်ခရီးသွား အများအပြား မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်နေပါတော့တယ်။

Ref
မြန်မာ့စွယ်စုံကျမ်း
မောင်ကြည်သန့်-မြန်မာမြို့ရွာ ဝေါဟာရ ၂၀ဝ
en.wikipedia.org

SKK
#AyeSay
www.ayesay.com.mm

No comments