မြန်မာစာမမှန်သောဖုန်းများအတွက်Unicodeကိုအောက်ဆုံးတွင်ဖတ်ရှုနိုင်ပါသည်။
မန်မာစာမမှန်သောဖုန်းများအတွက်Unicodeကိုအောက်ဆုံးတွင်ဖတ်ရှုနိုင်ပါသည်။
Zawgyicode
💰အချိန်ကိုအကျိုးရှိရှိအသုံးချလာတတ်ကြတယ်
      #Readingandsuccess
      #Toptenteam
Unicode
စာဖတ်ခြင်းနှင့်အောင်မြင်ခြင်း
     ကျွန်တော်တို ့ငယ်စဉ်ကတည်းက စာဖတ်ခြင်းဟာအောင်မြင်ခြင်းရဲ့လမ်းစဘဲလို ့သင်ယူခဲ့ကြရတယ်။စာဖတ်တဲ့သူတိုင်းဟာအောင်မြင်မှုမရကြပေမယ့် အောင်မြင်တဲ့သူတိုင်းကတော့စာဖတ်ကြပါတယ်။ဘာ့ကြောင့်စာဖတ်ကြတာလဲ?
 💰 အာရုံစူးစိုက်နိုင်စွမ်းတိုးလာတယ်
     အောင်မြင်တဲ့သူတွေဟာအချိန်ကာလတစ်ခုအတိုင်းအတာမှာ အရာတခုထဲကိုဘဲအာရုံစိုက်ထားနိုင်ကြတယ်။စာဖတ်အိုးတွေဟာ စာအုပ်တစ်အုပ်ကိုမပြီးမခြင်းလက်ထဲကမချနိုင်သလိုအောင်မြင်တဲ့သူတွေဟာလည်းသူတို ့ရဲ့အလုပ်တစ်ခုကိုမပြီးမခြင်းအာရုံစူးစိုက်ထားတတ်ကြတယ်
 💰ရည်မှန်းချက်တွေထားရှိကြတယ်
     အာရုံစူးစိုက်လာနိုင်တာနဲ ့အမျှစာဖတ်တဲ့သူတွေဟာသူတို ့စာအုပ်တစ်အုပ်ကိုဖတ်တဲ့အချိန်တိုင်းရည်မှန်းချက်တွေချမှတ်လေ့ရှိကြတယ်။အောင်မြင်တဲ့သူတွေဟာသူတို ့ဘဝရဲ့အခိုက်အတန် ့တိုင်းအတွက်ရည်မှန်းချက်တွေချထားကြတယ်။ပြီးအဲ့ရည်မှန်းချက်တွေအတွက်အကောင်းဆုံးကြိုးစားကြတယ်
💰အချိန်ကိုအကျိူးရှိရှိအသုံးချလာတတ်ကြတယ်
    သာမန်လူဆိုရင် မိနစ်၂၀ဆိုတာဘာဆိုဘာမှမပြီးစီးနိုင်တဲ့အချိန်လေးပါဘဲ။ဒါပေမယ့်အောင်မြင်သူတွေကတော့မိနစ်၂၀ကိုစာဖတ်ကြတယ်။အောင်မြင်သူတွေဟာအချိန်ကိုတန်ဖိုးအလွန်ထားကြပါတယ်။တစ်ရက်ကို၅မိနစ်စာအချိန်ဖြုံးခြင်းဟာတစ်နှစ်ဆိုရင် ၂၄နာရီ(၁ရက်) အချိန်ဖြုံးပြီးပြီဆိုတာသိထားကြပါတယ်
 💰အမြဲလန်းဆန်းတတ်ကြွတယ်
    စာဖတ်ခြင်းဟာဦးနှောက်ရဲ့မှတ်ညဏ်စွမ်းရည်ကိုတိုးတတ်စေပါတယ်။အားကစားနေ ့စဉ်ပုံမှန်လုပ်ခြင်းဟာကိုယ်ခန္ဓာကိုကျန်းမာစေသလိုစာဖတ်ခြင်းဟာဦးနှောက်ကိုကျန်းမာစေပါတယ်။အောင်မြင်တဲ့သူတွဟာစိန်ခေါ ်မှုတွေကိုနေ ့စဉ်ဖန်တီးလေ့ရှိကြပြီးဘယ်လိုဖြေရှင်းရမလဲဆိုတောတွေးခေါ ်ရင်း ဦးနှောက်ကိုခိုင်းစေတတ်ကြပါတယ်
 💰ဖန်တီးနိုင်စွမ်းတိုးတတ်လာတယ်
    သင့်ဦးနှောက်ကိုစာအုပ်တွေနဲ ့အစာကျွေးလိုက်ပြီဆိုရင် အံ့သြဖွယ်ကောင်းလောက်တဲ့အရာတွေဖြစ်လာမှာပါ။
 💰သင်စာပိုဖတ်လေ သင်အရင်ကဘယ်လောက်တုန်းလဲဆိုတာသိလာလေပါဘဲ
   သင်စာပိုဖတ်တဲ့အခါ သင်အရင်ကသိခဲ့ တွေးခဲ့ထင်ခဲ့တာတွေဟာအကုန်မှန်ဘူးဆိုတာသိလာမှာပါ။စာဖတ်ခြင်းဟာသင့်ကိုစစ်မှန်တဲ့ကမ်ဘာသစ်ဆိုကိုခေါ ်ဆောင်သွားမှာပါ။ ယူဆချက်တွေ, ထင်မြင်ချက်တွေနဲ ့ပြည့်နေတဲ့နေရာမဟုတ်ပါဘူး
 💰သင်လူတော်တယောက်ဖြစ်လာမယ်
   သင်စာများများဖတ်လေ များများသိလာလေ လောကကြီးအကြောင်းများများနားလည်လာလေပါဘဲ။လောကကြီးရဲ့အကောင်းအဆိုးကိုခွဲခြားတတ်လာမယ်။အကောင်းဆုံးအတွက်မမျှော်မှန်းသလို အဆိုးဆုံးအတွက်လည်းပြင်ဆင်လာနိုင်တယ်
      #Readingandsuccess
      #Toptenteam
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော် ့ပို ့စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
No comments