ပုံပြင်တိုင်းမှာMessageရှိတယ်
သူငယ်ချင်း
ပုံပြင်တိုင်းမှာ message ရှိတယ်
****
တိရစ္ဆာန်စကါးကိုနားလည်တဲ့လယ်သမားကြီးတစ်ယောက်က ညနေရောက်ရင် အိမ်ခြံထဲထိုင်ပြီး သူမွေးထားတဲ့တိရစ္ဆာန်တွေပြောဆိုကြတာကိုနားစွင့်လေ့ရှိတယ်။တစ်ညနေမှာတော့နွားက သူ့ဘဝဒုက္ခဆင်းရဲကြီးမားလှပုံအကြောင်းမြည်းကိုပြောပြနေသံကိုသူကြားရတယ်။
**ငါ့မှာတစ်နေကုန်တစ်နေခန်း ပင်ပန်းကြီးခံပြီး ထွန်တုံးကိုဆွဲရတယ်။နေပူလို့လဲမနားရ ခြေကုန်လက်ပန်းကျလို့လဲခဏအမောမဖြေရ
လည်ကုပ်တွေဆိုတာပေါက်ပြဲနေပြီ။ဒါလဲအလုပ်အလုပ်ပဲ။
မင်းကျတော့သက်သာလိုက်တာ
သခင်သွားစရာရှိမှရောင်စုံခြုံလွှာလှလှလေးကျောပေါ်ခင်းပြီးကြော့ကြော့မော့မော့သွားရတယ်။သခင်သွားစရာမရှိဘူးဆိုရင်မြက်စိမ်းနုနုစားပြီးအားအားယားယားပဲ**တဲ့
အဲ့ဒီတော့သဘောကေါင်းတဲ့မြည်းက နွားကိုသနားသွားတယ်
**အေးဗျာ ခင်ဗျားကိုကြည့်ရတာတော်တော်ပင်ပန်းတာဘဲ
ခင်ဗျားသက်သာအောင် ကျွန်တော်ကူညီမှဖြစ်မယ်။
ဒီလိုလုပ်ဗျ**ဆိုပြီးနွားကိုတစ်နေကုန်အနားရအောင်ဥာဏ်ဆင်ဖို့နည်းလမ်းပေးတယ်။
နောက်နေ့မနက်ခင်ဗျားကိုလယ်ထွန်ဖို့လာခေါ်တဲ့အချိန်မြေကြီးပေါ်လှဲအိပ်ပြီးအော်နေဗျာ ဒါဆိုရင်လယ်ထွန်သားကခင်ဗျားနေမကေါင်းဘူး လယ်ထွန်နိုင်မှာမဟုတ်ဘူးလို့ဆိုလိမ့်မယ်။**တဲ့
ဒါနဲ့ နွားကြီးလည်းမြီးအကြံပေးတဲ့အတိုင်းမနက်အိပ်ယာထ လယ်လုပ်သားလာတဲ့အချိန် နေမကေါင်းချင်ယောင်ဆောင်နေတော့ လုပ်သားကလယ်သမားကြီးကိုအကျိုးအကြောင်းသွားပြောတယ်။အဲ့ဒီအခါလယ်သမားကြီးက ** လယ်ကနားထားလို့မဖြစ်ဘူး
နွားနေမကေါင်လို့မထွန်နိုင်ရင် မြည်းကိုတပ်ပြီထွန်ကွာ။**တဲ့
ဒါနဲ့မြည်းဟာတစ်နေ့လုံးလယ်ထွန်ရတယ်။
သူ့မိတ်ဆွေသက်သာစေချင်တဲ့ဆန္ဒနဲ့ကူညီလိုက်တာ
နောက်ဆုံးတော့ နွားအလုပ်ကိုသူဝင်လုပ်လိုက်ရတယ်။
ညဘက်ထွန်ဖြုတ်လို့အိမ်ပြန်ရတဲ့အချိန်မှာတစ်ကိုယ်လုံးညောင်းညာကိုက်ခဲပြီးပုခုံးလည်းပြဲ စိတ်လဲအတော်တိုနေပြီပေါ့
အဲ့ဒီညဘက်မှာ သူတို့ဘာတွေပြောကြသလဲ ?
လယ်သမားကြီးကအသာနားစွင့်ကြည့်တယ်။
နွားကအရင်ပြောတယ်
**သူငယ်ချင်း မင်းဟာမိတ်ဆွေကေါင်းပီသပါပေတယ်ကွာ
မင်းအကြံဥာဏ်ကေါင်းတဲ့အတွက် ငါတစ်နေ့လုံးအားအားယားယားသက်သက်သာသာနေရတယ်*
မြည်းကပြန်ပြောတယ်
**အေး မင်းကသက်ငာတယ် ငါမသက်သာဘူးကွ ထုံးစံအတိုင်းသဘောကေါင်းတဲ့သူကခံရတာဘဲ။မိတ်ဆွေမို့လို့ကူညီပါတယ် နောက်ဆုံးတော့
သူများဝန်ထုပ် ကိုယ့်ဝန်ထုပ်ဖြစ်တယ်။
နောက်ကို မင်းထွန်တုံးကိုမင်းဘဲဆွဲတော့။
မဆွဲလို့လဲမဖြစ်ဘူး။သူရင်းငှားကိုသခင်ပြောနေတာငါကြားတယ်။အဲ့ဒီနွားနောက်တစ်ခါနေမကေါင်းဖြစ်ရင်သားသတ်ရုံကိုပို့လိုက်တဲ့။
ဟုတ်လဲဟုတ်တယ် မင်းကလဲအလုပ်လုပ်ချင်တဲ့ကေါင်မှမဟုတ်တာ**တဲ့
အဲ့ဒီနောက်ပိုင်းမှာစကားမပြောကြတော့ဘူး
( ဘေဘီလုံ -ဖေမြင့်)
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်ဝေမျှပေးခြင်းသာဖြစ်ပါတယ်။
ဝေဖန်အကြံပြုစာများပေးပို့ ချင်ပါကအောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်ဝေဖန်နိုင်ပါတယ်ခင်ဗျား။
ဖြိုးလေး(Myanmar Youth)ph-09791169860
Post a Comment