






ကျော်​သန့်​ (ရိုးရာ​လေး)
www.yoyarlay.com

#kt_yyl
#health_yyl

ကော်ဖီ သောက်သင့် ၊ မသောက်သင့်

တစ်နေ့တာအတွက် ကော်ဖီတစ်ခွက်မှ မသောက်လိုက်ရရင်ကို နေရထိုင်ရအဆင်မပြေတတ်သူတွေ ရှိသလို တချို့ကလည်း ကော်ဖီမကြိုက်တာနဲ့၊ ကော်ဖီနဲ့ မတည့်လို့ မသောက်တာနဲ့ မသောက်ဖြစ်တာတွေ ရှိတယ်။ ခု ဒီမှာတော့ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ ဘေးထွက်ဆိုးကျိုးတွေကို မျှဝေလိုက်ရပါတယ်။

ကောင်းတာတွေကို ပြောရရင် ကော်ဖီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထောက်အကူပြုတဲ့ အချက်တွေက အများသားပါ။ ကော်ဖီမှာ ပါတဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေက လူ့ခန္ဓာကိုယ်ထဲက အင်ဆူလင် ကို အသုံးပြုစေပြီးတော့ သွေးထဲက သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတယ်။ ကဖိန်းဓာတ်က အဆီတွေကို ကျစေတယ်။ အာရုံစိုက်ရတာ ကောင်းမွန်လာစေပြီး လူကို တည်ကြည်နိုးကြားစေတယ်။ အသင့်အတင့်သောက်သုံးမှုဟာ စိတ်ကျရောဂါ၊ Parkinson ရောဂါ၊ လေသင်တုန်းဖြတ်ခြင်းနဲ့ ဆီးချိုရောဂါ Type II မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေတယ်လို့ သိရပါတယ်။ လေ့လာချက်တစ်ခုအရတော့ ကော်ဖီသောက်သူတွေမှာ အချိန်မတိုင်မီ သေဆုံးမှု နှုန်း (premature death) ဟာ ကော်ဖီသောက်သူတွေထက် ၂၅ %ထိ နည်းတယ်လို့ သိရပါတယ်။ ကော်ဖီသောက်ရင် အသက်ပိုရှည်တယ်လို့ အကြမ်းဖျင်းကောက်ချက်ချနိုင်ပါတယ်။

ဒါပေမဲ့ ကော်ဖီကို အချိန်တိုအတွင်းမှာ အများအပြားသောက်သုံးရင်တော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အိပ်ရေးပျက်မှု၊ နှလုံးတုန်ယင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုမသောက်သင့်သလို ၅နှစ်ကနေ ၇ နှစ်အရွယ် ကလေးငယ်တွေအတွက်လည်း ကော်ဖီလို ကဖိန်းဓာတ်ပါတဲ့ အစားအသောက်မျိုးဟာ မသင့်တော်ပါဘူး တဲ့။

Ref link: https://www.warriorcoffee.com/news/2/12-health-benefits-and-6-disadvantages-of-coffee-smashing-it

ကျော်သန့် (ရိုးရာလေး)
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်ငူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်
ဖြိုးလေး(Myanmar Youth)ph-09791169860

No comments